ပေါက် ဇွန် ၂၄
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များကို ယနေ့ နံနက် ၉ နာရီအချိန်က ပေါက်မြို့ အမှတ်(၂)အခြေခံပညာမူလတန်းလွန်ကျောင်းနှင့် ဌာနဆိုင်ရာများ၊ လူစည်ကားရာ နေရာများသို့ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိနှင့် ဝန်ထမ်းများက အခမဲ့ဖြန့်ဝေသည်။
အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် မူးယစ်ဆေးဝါးပြဿနာနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်းပါး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေး အမှတ်စဉ်(၁/၂၀၂၂)၌ ပြောကြားသည့် အမှာစကားကောက်နှုတ်ချက်၊ အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေးမူဝါဒ၊ မဟာ ဗျူဟာ(၂)ရပ်၊ နည်းဗျူဟာ(၃)ရပ် ၊မူးယစ်ဆေးသုံးစွဲခြင်း၏စိတ်ပိုင်းဆိုင်ရာဆိုးကျိုးများနှင့် ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာအသိပညာပေး ကဗျာများ၊ ကာတွန်းများ ၊ဆောင်ပုဒ်များ ပါဝင်ပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက လူငယ်များ မူးယစ်ဆေးကြောင့် လမ်းမှားမရောက်ရှိစေရေး ရည်ရွယ်ကာ အခမဲ့ ထုတ်ဝေဖြန့်ချိခြင်းဖြစ်ကြောင်း သိရသည်။
ကိုရွှေယော (အညာမြေ)