ဗိုလ်တထောင်မြို့နယ်တွင် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး “သတင်းစကား” လက်ကမ်း စာစောင်များ ဖြန့်ဝေ

ဗိုလ်တထောင် ဇွန် ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဇွန် ၂၆ ရက် နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး သတင်းစကား” လက်ကမ်းစာစောင်များကို အခြေခံပညာကျောင်းများ၌ ယမန်နေ့က ဖြန့်ဝေပေး ခဲ့ကြောင်း သိရသည်။

အဆိုပါ လက်ကမ်းစာစောင်တွင် အမျိုးသားမူးယစ်ဆေးဝါး ထိန်းချုပ်ရေးမူဝါဒ၊ မူးယစ်ဆေးဝါးပြဿနာနှင့် ဖွံဖြိုးတိုးတက်ရေး၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ ဆိုးကျိုးများ၊ မူးရစ်ဆေးဝါးအန္တရာယ်ကို ဘက်ပေါင်းစုံမှ တားဆီးနှိမ်နှင်းကာကွယ်ရေး၊ မူးယစ်ဆေးဝါး ပပျောက်ရေး မဟာဗျူဟာ(၂) ရပ်၊ နည်းဗျူဟာ(၃)ရပ်နှင့်ကဗျာ၊ ကာတွန်း စသည့်အချက်များ ပါဝင်ကြောင်း သိရသည်။

အခြေခံပညာကျောင်းများတွင် “သတင်းစကား” လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူများ မူးယစ်ဆေးဝါးအန္တရာယ်၏ ဆိုးကျိုးများကိုသိရှိပြီး ကြိုတင်ကာကွယ် ရှောင်ရှားနိုင်မည်ဖြစ်ကြောင်း သိရသည်။

သိန်းသိန်း(ဗိုလ်တထောင်)