ရခိုင်ပြည်နယ် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတွင် ပြည်သူ့ဆက်ဆံရေးဘာသာရပ် သင်တန်းဖွင့်လှစ်သင်ကြားပေး

စစ်တွေ ဇွန် ၂၅

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ရုံးတွင် ပြည်သူ့ဆက်ဆံရေးဘာသာရပ်သင်တန်း ဖွင့်လှစ်သင်ကြားပေးခြင်းကို ယမန်နေ့မွန်းလွဲ ၃ နာရီက အဆိုပါရုံးသင်တန်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့​သည်။

သင်တန်းတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ ရခိုင်ပြည်နယ် ဦးစီးမှူး ဦးတင်ကိုဝင်းက ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနသည် ပြည်သူများနှင့် တိုက်ရိုက်ထိတွေ့‌ပြီး ဝန်ဆောင်မှုပေးနေသည့်ဌာနဖြစ်ကြောင်း၊ ပြည်သူ့ဆက်ဆံရေး (Public Relations)သည် ပြည်သူများနှင့် ထိတွေ့ဆက်ဆံရာတွင် အရေးကြီးသည့် လုပ်ငန်းတစ်ရပ်ဖြစ်​၍ သိရှိနားလည်ရန်လိုအပ်ကြောင်း၊ ပြည်သူ့ဆက်ဆံရေး၏အဓိပ္ပါယ်၊ သဘောသဘာဝများ၊ ပြည်သူ့ဆက်ဆံရေးတွင်သတိပြုရမည့်အချက်များ၊ ပြည်သူ့ဆက်ဆံရေးနည်းလမ်းများ၊ ပြည်သူကိုဝန်ဆောင်မှုပေးရာတွင် လိုက်နာသင့်သည့်အချက်များစသည့် ပြည်သူ့ဆက်ဆံရေးနှင့်သက်ဆိုင်သည့် သိမှတ်ဖွယ်ရာများကို ရှင်းလင်း​​ဆွေးနွေးခဲ့သည်။

အဆိုပါသင်တန်းသို့ ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ရုံးမှ ပြည်နယ်ဦးစီးမှူး ဦးကံညွန့်နှင့်အရာထမ်း၊ အမှုထမ်း၂၃ ဦးတက်ရောက်​ကြပြီး ဇွန် (၂၀)မှ ( ၂၄)အထိ ၅ ရက် ကြာ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ပြည်နယ် (ပြန်/ဆက်)