မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် တိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား (၂၅)မြို့နယ် အသက်(၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲ ဆုပေးပွဲအခမ်းအနား တက် ရောက်
မကွေးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် တိုင်းဒေသ ကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား(၂၅)မြို့နယ် အသက်(၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲ ဆုပေးပွဲ အခမ်းအနားကို ဒီဇင်ဘာလ ၉ ရက်နေ့ ညနေ ၃ နာရီက ခရိုင်အားကစားကွင်းတွင် ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် ဝန်ကြီးများ တက်ရောက် ကြည့်ရှုအားပေးကာ ဆုရအားကစားသမားများအား ဆုတံဆိပ်၊ ငွေသားဆုနှင့် ဆုဆွဲပြား များ အသီးသီးချီးမြှင့့််ပေးအပ်ခဲ့သည်။