ရန်ကုန်အနောက်ပိုင်းခရိုင်(ဗဟန်း)လူထုအခြေပြုဗဟိုဌာန Community Center ၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ပန်းချီရေးဆွဲနှင့် ဆေးရောင်ခြယ် ပြိုင်ပွဲများ ကျင်းပ

ရန်ကုန်အနောက်ပိုင်းခရိုင်(ဗဟန်း)လူထုအခြေပြုဗဟိုဌာန Community Center ၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ပန်းချီရေးဆွဲနှင့် ဆေးရောင်ခြယ် ပြိုင်ပွဲများ ကျင်းပ ဗဟန်း ဇွန် ၂၄ စန္ဒာမိုး

နေပြည်တော်ကောင်စီအဖွဲ့ဝင်ဦးဇေယျာလင်း ဥတ္တရသီရိမြို့နယ်အတွင်းရှိ ရေလှောင်တမံများအားကွင်းဆင်းကြည့်ရှုစစ်ဆေး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရသီရိမြို့နယ်အတွင်းရှိ ရေလှောင်တမံများအား နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းနှင့် တာဝန်ရှိသူများက ယမန်နေ့နံနက် ၉ နာရီတွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ညောင်ဦးမြို့နယ်တွင် ဧရာဝတီမြစ်ရေမှတ်စိုးရိမ်ရေမှတ် ၂၁၂၀ စင်တီမီတာရောက်ရန် ၁၉၇၁ စင်တီမီတာရောက်ရှိလာ

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်တွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့နံနက် ၆ နာရီခွဲအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေမှတ်သည် စိုးရိမ်ရေမှတ် ၂၁၂၀ စင်တီမီတာသို့ရောက်ရှိရန် ၁၉၇၁ စင်တီမီတာသို့ တဖြည်းဖြည်းကျော်လာကြောင်း ညောင်ဦးမြို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံက သိရသည်။

စမ်းချောင်းမြို့နယ်၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်နှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း စံပယ်ခန်းမတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကာ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပသည်။

ပုဗ္ဗသီရိမြို့နယ် ပုဇွန်ဆိပ်ရွာတွင် တိရစ္ဆာန်အစာပင် နေပီယာမြက် သရုပ်ပြစိုက်ပျိုး

ပြည်ထောင်စုနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ် ပုဇွန်ဆိပ်ရွာရှိ တောင်သူဦးဝင်းကို၏ လယ်ယာမြေတစ်ဧကတွင် ယနေ့ နံနက်ပိုင်းက တိရစ္ဆာန်အစာ ပင်စိုက်ပျိုးခြင်း ရက်သတ္တပတ် အထိမ်းအမှတ်အဖြစ် နေပီယာမြက် သရုပ်ပြစိုက်ပျိုးခြင်းဆောင်ရွက်ခဲ့သည်။

ဝမ်းတွင်းမြို့နယ်ရှိ ကျောင်းသားကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများရှိ အသက်(၅)နှစ်မှ(၁၂)အထိ ကျောင်းသားကျောင်းသူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများထိုးနှံပေးခြင်းများကို ယနေ့နံနက်ပိုင်းကအမှတ်(၂)မူလွန်ကျောင်းများတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သိန္နီမြို့နယ်တွင် “ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်−၁၉ရောဂါ ကာကွယ်ဆေးထိုးကြပါစို့” အသိပေးဆိုင်းဘုတ်စိုက်ထူ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ ကိုဗစ်−၁၉ ရောဂါ အန္တရာယ်ကင်းရှင်းစွာ ပညာသင်ကြားနိုင်ရေးအတွက် ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေးများကို အခြေခံပညာကျောင်းများတွင်

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်‌ဖျက်ရေးနေ့ အထိမ်းအမှတ်ဟောပြောပွဲကျင်းပ

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ဟောပြောပွဲအား ကျောင်းသား၊ ကျောင်းသူ လူငယ်မောင်မယ်များအနေဖြင့် မူးယစ်ဆေးဝါးအကြောင်းအရာများနှင့်ပတ်သက်၍ ဗဟုသုတများရရှိတိုးပွားလာစေရေး မူးယစ်ဆေးဝါးဆိုးကျိုးအန္တရာယ်များအား မှတ်သားသိရှိပြီး လိုက်နာရှောင်းရှားနိုင်စေရေးအတွက် ယမန်နေ့ နေ့လယ်ပိုင်းအချိန်က ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ပြုလုပ်‌ကျင်းပကြောင်း သိရသည်။

မိတ္ထီလာမြို့နယ်တွင် မိုးနှောင်းချည်မျှင်ရှည်ဝါ အထူးဇုံ ဧက ၁၀၀ စိုက်ပျိုးသွားမည်

 မိတ္ထီလာမြို့နယ်တွင် မိုးနှောင်းချည်မျှင်ရှည်ဝါ အထူးဇုံ ဧက ၁၀၀ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
Subscribe to