ငပုတောမြို့နယ်၊ ဟင်းအိုးချောင်းကျေးရွာအုပ်စုတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မိဘဆရာအသင်းနှင့် ကျောင်းအကျိုးဆောင်အသင်း ပြန်လည်ဖွဲ့စည်းခြင်း အခမ်းနားကျင်းပ

ငပုတော ဇွန် ၂၄

ဧရာဝတီတိုင်းဒေသကြီး၊  ပုသိမ်ခရိုင်၊  ငပုတောမြို့နယ် ဟင်းအိုးချောင်းအုပ်စု ရေငံ-သရက်ကုန်း အ .ထ .က(ခွဲ) သံလွင်ဆောင်ခန်းမတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မိဘ၊  ဆရာ အသင်းနှင့် ကျောင်းအကျိုးဆောင်အသင်း ပြန်လည်ဖွဲ့စည်းခြင်းအခမ်းအနား ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းနားတွင်  ရေငံ-သရက်ကုန်း အခြေခံပညာအထက်တန်းကျောင်း (ခွဲ) ကျောင်းအုပ် ဆရာမကြီး ဒေါ်ချောစုစုဟန်မှ အဖွင့်စကားပြောပြီး နောက်မိဘဆရာအသင်းနှင့် ကျောင်းအကျိုးဆောင်အသင်း နာယက၊  ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် ကျောင်းသားမိဘ ကိုယ်စားလှယ်များ ရွေးချယ်ခြင်းများ ပြုလုပ်ခဲ့သည်။​​​ ထို့နောက် ရှေ့ဆက်လုပ်ငန်းစဉ်များကို ဆွေးနွေးဆောင်ရွက်ခဲ့ပြီး ၂၀၂၃- ၂၀၂၄ပညာသင်နှစ်တွင်  Grade -12  အထိ တိုးလာမည်ဖြစ်၍ စာသင်ဆောင်လိုအပ်ခြင်း ဝန်ထမ်းအိမ်ရာ အဆောင်လိုအပ်ခြင်းများ လိုအပ်နေ​သဖြင့် ဆက်လက်၍ အကောင်ထည်ဖေါ်ဆောင်ရွက်သွားရန် ဆွေးနွေးခြင်းပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

အောင်သူ(ငပုတော ပြန်/ဆက်)