ရပ်စောက်၌ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးအသိပညာပေးဟောပြောပွဲနှင့် နံရံကပ် စာစောင်များပြသ

ရပ်စောက် ဇွန်   ၂၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများအဖြစ် ဟောပြောပွဲ၊ စာအုပ်စာစောင်ပြသခြင်း၊ နံရံကပ်စာစောင်များပြသခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို အမှတ်(၁)အခြေခံပညာမူလွန်ကျောင်း၌ ယမန်နေ့မွန်းလွဲပိုင်း က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဆုမွန်ထွန်းက ကျောင်းသား/ကျောင်းသူများအား မူးယစ်ဆေးဝါး၏ အဓိပ္ပါယ်နှင့် မူးယစ်ဆေးဝါး သုံးစွဲခြင်းကြောင့်ရရှိလာမည့် ဆိုးကျိုးအန္တရာယ်များကို အသိပညာပေးဟောပြောခဲ့သည်။ ထို့နောက် မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် အသိပညာပေးနံရံကပ်စာစောင်များပြသခြင်း၊ စာအုပ်စာစောင် များပြသခြင်းနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေထားသည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြရာ ကျောင်းသား/ ကျောင်းသူများက စိတ်ဝင်တစားဖြင့်လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။

ရဲထက်ဦး(ပြန်/ဆက်)