ရခိုင်ပြည်နယ် မောင်တောမြို့၌ (၄)မိုင်ရပ်ကွက်ရှိ ပြည်သူများအား ပန်းခင်းစီမံချက်ဖြင့်  အိမ်ထောင်စု လူဦးရေးစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ် ဆောင်ရွက်ထုတ်ပေး

မောင်တော ဇွန် ၂၈

ရခိုင်ပြည်နယ် မောင်တောမြို့၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ရုံးမှ  မြို့နယ်ဦးစီးမှူး ဦးကျော်ရှိန် ဦးဆောင် ကြီးကြပ်၍  မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ဇွန် ၂၆ ရက် နံနက် ၉ နာရီအချိန်က ပန်းခင်းစီမံချက်ဖြင့် (၄)မိုင်ရပ်ကွက်ရှိ ပြည်သူများအား အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများ မြေပြင်ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မောင်တောမြို့နယ် ရုံးမှ ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ခဲ့သော (၄)မိုင်ရပ်ကွက်ရှိ လူဦးရေ အမျိုးသား (၄၄) ဦးနှင့် အမျိုးသမီး(၄၀)ဦး  စုစုပေါင်းလူဦးရေ (၈၄)ဦးအား အိမ်ထောင်စု လူဦးရေစာရင်းနှင့်  အသက်(၁၀)နှစ်ပြည့် ၊ အသက်(၁၈)နှစ်ပြည့်ပြီး သူများအား နိုင်ငံသား စိစစ်ရေးကတ်ပြား များ ပြုလုပ်ဆောင်ရွက် ထုတ်ပေးခြင်း၊ မှတ်ပုံတင် လဲလှယ်ပေးခြင်း၊ ပျောက်ဆုံး/ ပျက်စီးသူများကို မိတ္တူပြု လုပ်ပေးခြင်း၊ ကျန်ရှိမှု မရှိစေရေး သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပူးပေါင်းကာ ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သက်လွင်စိုး (ခရိုင်ပြန်/ဆက်)