သာစည်မြို့နယ် အခြေခံမဲဆန္ဒရှင်လူဦးရေစာရင်း ပြုစုခြင်းလုပ်ငန်း သတ်မှတ်ကာလအတွင်း ပြီးစီးရေး ပေါင်းစပ်ညှိနှိုင်း စည်းဝေး
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ အခြေခံမဲဆန္ဒရှင် လူဦးရေစာရင်း ပြုစုခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ သတ်မှတ်ကာလ အတွင်း ပြီးစီးရေး မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ၊ အဖွဲ့ဝင်ဌာနဆိုင်ရာများနှင့် ပေါင်းစပ် ညှိနှိုင်းစည်းဝေးကို ယနေ့နံနက် ၁၀ နာရီက အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။