ဘားအံ ဇွန် ၂၇
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ကျောင်းသား/သူများ၊ မိဘပြည်သူများအနေဖြင့် စာအုပ်စာစောင်များ အလွယ်တကူဖတ်ရှုနိုင်စေရန် ရည်ရွယ်၍ ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် အခြေခံပညာကျောင်းများ၊ ဌာနဆိုင်ရာရုံးများ သို့ စာအုပ် စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ Mobile Library မော်တော်ယာဉ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးရာတွင် ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ပြည်သူ့စာကြည့်တိုက်သို့ မလာရောက် နိုင်သည့် စာအုပ်စာပေဖတ်ရှုမှုဝါသနာပါသူ ဌာနဆိုင်ရာဝန်ထမ်းများ၊ သင်တန်းသား/သူများ၊ ဒေသခံ ပြည်သူများ၊ ကျောင်းသား/သူများအား အားလပ်ချိန်များတွင် မိမိကြိုက်နှစ်သက်သည့် စာအုပ်စာပေများကို လေ့လာဖတ်ရှုနိုင်ရန်အတွက် ယနေ့နံနက်ပိုင်းက ဘားအံမြို့ရှိ အ-ထ-က(ခွဲ)၂၊ ခရိုင်ပတ်ဝန်း ကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံးများသို့ ရွေ့လျားစာကြည့်တိုက် Mobile Library မော်တော်ယာဉ်ဖြင့် ကွင်းဆင်း၍ သုတ၊ ရသ စာအုပ် စာစောင်များကို အခမဲ့ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ရွေ့လျားစာကြည့်တိုက်စနစ် Mobile Library မော်တော်ယာဉ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးရာတွင် E-Library Management System Software အသုံးပြု၍ Digital စနစ်ဖြင့် တနင်္လာနေ့မှ သောကြာနေ့အထိ ငှားရမ်းပေးလျက်ရှိပြီး စာဖတ်ပရိသတ်တစ်ဦးလျှင် (၂)အုပ်နှုန်းဖြင့် (၂)ပတ်အထိ ငှားရမ်းဖတ်ရှုပြီး (၂)ပတ်ပြည့်ပါက စာအုပ်အသစ်ဖြင့် လဲလှယ်ငှားရမ်းပေးခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)