ကော့ကရိတ် ဇွန် ၂၈
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် အမျိုးသမီးကော်မတီအစည်းအဝေးကို ယမန်နေ့နံနက် ၁၁ နာရီအချိန်က အမှတ်(၇)ရပ်ကွက်ရှိ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနခန်းမ၌ ကျင်းပကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်အမျိုးသမီးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးဦးထွန်းဝေက အမျိုးသမီးများ၏ အခွင့်အရေးများ၊ လိုအပ်ချက်များ၊ အမျိုးသမီးအကြမ်းဖက်မှုများမှ ကြိုတင်ကာကွယ်တားဆီးရေး၊ ပြန်လည်ကုစားရေးအစီစဉ်များ ချမှတ်ဆောင်ရွက်ရေးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ကြရေးစသည်ဖြင့် အဖွင့်အမှာစကားပြောကြားသည်။
ထိုနောက် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိဒေါ်အေးအေးသင်းက ဌာနမှဆောင်ရွက်နေသည့် လုပ်ငန်း(၇)ရပ်၊ ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းများ အခြားဌာနဆိုင်ရာများနှင့် ချိတ်ဆက်ဆောင်ရွက်မှုများ၊ အမျိုးသမီးအကြမ်းဖက်မှုလျော့ချရေးအတွက် အသိပညာပေးလုပ်ငန်းများကို ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ ခရိုင်ရဲတပ်ဖွဲ့ရုံးနှင့်ခရိုင်ဥပဒေရုံးတို့မှ တာဝန်ရှိသူများက အမျိုးသမီးအကြမ်းဖက်မှု၊ သက်ငယ်မုဒိန်းအမှုများနှင့် ပတ်သက်၍ ဆောင်ရွက်နေမှုအခြေအနေများအား ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ခင်မျိုးဝင်း(ပြန်ဆက်)