ကချင်ပြည်နယ်ဝန်ကြီးချုပ် သူနာပြု-သားဖွား ဒီပလိုမာ ပထမနှစ် သင်တန်းသား/သင်တန်းသူများအား ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းခြင်းအခမ်းအနားသို့တက်ရောက်ချီးမြှင့်
ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ကချင်ပြည်နယ် မြစ်ကြီးနားသူနာပြုသင်တန်းကျောင်းနှင့် သားဖွားသင်တန်းကျောင်းတို့မှ အရည်ချင်းစစ် စာမေးပွဲအောင်မြင်ခဲ့ကြသော သူနာပြု-သားဖွားဒီပလိုမာ ပထမနှစ် သင်တန်းသား/သင်တန်းသူများအား ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းခြင်းအခမ်းအနားကို ဇွန် ၂၈ ရက် နံနက် ၉ နာရီက သူနာပြုသင်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ရာ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်အမှာစကား ပြောကြားသည်။