ဟင်္သာတမြို့နယ် သမဝါယမအသင်းစုလီမိတက်၏ ၂၀၁၉-၂၀၂၀ နှင့် ၂၀၂၀-၂၀၂၁ ခုနှစ် အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် အမှုဆောင်သစ်ပြန်လည်ရွေးချယ်ပွဲ ကျင်းပ

ဟင်္သာတ ဇွန် ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ် သမဝါယမအသင်းစု လီမိတက်၏ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့်အမှုဆောင်သစ်ပြန်လည်ရွေးချယ်ပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်သမဝါယမဦးစီးဌာနရုံး အစည်းဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနား ပထမပိုင်းတွင် သဘာပတိဦးခင်မောင်ကြည်က မြို့နယ်သမဝါယမအသင်းစုလီမိတက်၏ လုပ်ငန်းများတိုးတက်လာစေရန် အမှုဆောင်သစ်များနှင့်အတူ  အသင်းသားကိုယ်စားလှယ်များအနေဖြင့် ဝိုင်းဝန်းပူးပေါင်း ကူညီဆောင်ရွက်ကြရန် ဟင်္သာတမြို့နယ်တွင် အသင်းဝင်(၁၉၂)သင်းရှိသည့်အနက် ယနေ့တွင် (၁၂၇)သင်းတို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့သည့်အတွက် အစည်းအဝေး အထမြောက်ကြောင်း အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီး သမဝါယမဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်နိုင်ထွန်းက ဂုဏ်ပြုအမှာစကား ပြောကြားခဲ့သည်။ ထို့နောက်ဒါရိုက်တာအဖွဲ့၏ လုပ်ငန်းအစီရင်ခံစာကို ဖတ်ကြားတင်ပြခဲ့ပြီး အသင်းဝင်များမှ အကြံပြုဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍ ၂၀၁၉-၂၀၂၀ နှင့် ၂၀၂၀-၂၀၂၁ ခုနှစ် ဘဏ္ဍာရေးရှင်းတမ်းအား ဖတ်ကြားရှင်းလင်းခဲ့ပြီး ဒါရိုက်တာအဖွဲ့လုပ်ငန်း အစီရင်ခံစာ၊ အသင်းစာရင်းစစ် အစီရင်ခံစာ၊ နှစ်ချုပ် ဘဏ္ဍာရေးရှင်းတမ်းနှင့် အကျိုးငွေခွဲဝေပေးခြင်းတို့အား တက်ရောက်လာသူများထံမှ အတည်ပြုချက်ရယူခြင်းတို့ ဆောင်ရွက်ခဲ့ကြသည်။ ယင်းနောက် သဘာပတိက နိဂုံးချုပ် အမှာစကားပြောကြားခဲ့ပြီး  လက်ရှိဒါရိုက်တာ အဖွဲ့များနှင့် အသင်းစာရင်းစစ်များက တာဝန်မှ နုတ်ထွက်ကြောင်း  ကြေညာခဲ့သည်။

အခမ်းအနား ဒုတိယပိုင်းတွင် သဘာပတိအဖြစ်ဧရာဝတီတိုင်းဒေသကြီး သမဝါယမဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်နိုင်ထွန်းက ဆောင်ရွက်ခဲ့ပြီး မှုဆောင်အသစ်များအား ဆန္ဒမဲပေးရွေးချယ်၍ တာဝန်ခွဲဝေပေးအပ်ခဲ့ပြီး ရွှေးချယ်ခံအမှုဆောင်သစ်များက ကတိသစ္စာခံယူခဲ့ကြသည်။ ယင်းနောက်ဒါရိုက်တာ အဖွဲ့သစ်ဥက္ကဋ္ဌက နှုတ်ခွန်းဆက် စကားပြောကြားခဲ့ပြီး  သဘာပတိက နိဂုံးချုပ်အမှာစကား ပြောကြား ခဲ့ကြောင်းသိရသည်။

ကိုဇော် - ဟင်္သာတ