အုတ်ဖို ဇွန် ၂၈
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် အားကစားကွင်းနှင့် အားကစားရုံအတွင်း တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှုကို ယနေ့မွန်းလွဲ ၁၂ နာရီခွဲ အချိန်ခန့်က အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးမှ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးဦးမင်းသိန်းဇံနှင့် အဖွဲ့သည် မြို့နယ်အားကစားကွင်းသို့ရောက်ရှိကာ အတွင်းခြံစည်းရိုးကာရံခြင်း၊ ကွင်းပတ်ရေမြောင်းတည်ဆောက်ထားခြင်းနှင့် ပြေးလမ်းတည်ဆောက်ခြင်းတို့ကို ကြည့်ရှုစစ်ဆေးရာ သာယာဝတီခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်သူဇာအောင်နှင့် မြို့နယ်အားကစားမှူးဒေါ်လဲ့လဲ့လွင်တို့မှ လိုက်လံရှင်းလင်းပြသခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။
အောင်သူ