ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူ(၆၈၀)ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကွင်းဆင်းထိုးနှံပေး

ဒဂုံအရှေ့ ဇွန် ၂၈



ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်တွင် အမှတ်(၁၃၃)ရပ်ကွက်၊ အေးရိပ်သာ ဘုန်းတော်ကြီးသင်ပညာကျောင်းနှင့် အမှတ်(၁၃)ရပ်ကွက်၊ မာဂဓိသာစည်ဘုန်းတော်ကြီးသင်ပညာကျောင်းတို့တွင် ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့‌နံနက်(၉) နာရီက ကွင်းဆင်းထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါဆေးထိုးမှုလုပ်ငန်းကို ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မြို့နယ်ကျန်းမာရေးဝန်ထမ်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများမှတာဝန်ရှိသူများ၊ ဆရာ၊ ဆရာမ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပါဝင်သော ပူးပေါင်းအဖွဲ့တို့က ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူ အသက်(၅)နှစ်မှ(၁၂)နှစ်ရှိသူများကို သတ်မှတ်နေရာများ၌  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအား ကွင်းဆင်းထိုးနှံပေးခဲ့ကြောင်း သိရသည်။ အမှတ်(၁၃၃)ရပ်ကွက်၊ အေးရိပ်သာဘုန်းတော်ကြီးသင်ကျောင်းမှ ကျောင်းသား/သူ(၆၅)ဦးနှင့် အမှတ်(၁၃)ရပ်ကွက်၊ မာဂဓိသာစည်ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ(၆၁၅)ဦး စုစုပေါင်း(၆၈၀)ဦးအား ကာကွယ်ဆေးထိုးနှံပြီးစီးခဲ့ကြောင်း သတင်းရရှိသည်။

ဝင်းအိမွန် (ပြန်/ဆက်)