မိုးနဲမြို့နယ်၌ ရိတ်သိမ်း‌‌ခြွေလှေ့စက်ဖြင့် မိုးစပါးရိတ်သိမ်း

မိုးနဲ ဒီဇင်ဘာ ၂၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်အတွင်း ဒေသခံတိုင်းရင်းသားပြည်သူများ ဆန်ရိက္ခာဖူလုံပိုလျှံရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ၂၀၂၄-၂၀၂၅ ခုနှစ်အတွင်း မိုးစပါး (၁၁၀၇၆) ဧက စိုက်ပျိုးထားရာ ယနေနံနက် ၈ နာရီအချိန်က မိုးနဲမြို့အဝင်ကြာဖူးကွင်း၊ ကွင်းအမှတ် (၆၁) ရှိ တောင်သူ ဦးစိုင်းထွန်းရွှေ၏လယ်မြေ‌ နေရာတွင် ရိတ်သိမ်းခြွေလှေ့စက်ဖြင့် မိုးစပါးများ ရိတ်သိမ်းလျက်ရှိကြောင်း သိရသည်။

အဆိုပါ မိုးစပါးရိတ်သိမ်းရာနေရာသို့ မြို့‌နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးဇော်မော်ဦးနှင့် ဝန်ထမ်းများက ကွင်းဆင်းသွားရောက်ခဲ့ကြပြီး ရိတ်သိမ်းခြွေလှေ့စက်ဖြင့် ရိတ်သိမ်းရာတွင် လေလွင့်မှုနည်းပါးစေရေး၊ ရိတ်သိမ်းပြီး စပါးများကို အမိုးအကာအောက်သို့ အချိန်မီရောက်ရှိပြီး စနစ်တကျသိုလှောင်ထားရှိနိုင်ရေးတို့ကို ရှင်းလင်းမှာကြားခဲ့ကြောင်း သိရသည်။   

ယခုနှစ် မိုးနဲမြို့နယ်၌ စိုက်ပျိုးထားသော မိုးစပါးစိုက်ခင်းများကို တောင်သူများစုက ရိတ်သိမ်း နေကြပြီး မိုးစပါးစိုက်ပျိုးဧက (၁၁၀၇၆) ဧကအနက် (၁၀၁၅၇) ဧကရိတ်သိမ်းပြီးဖြစ်ကြောင်း၊ ထွက်နှုန်းစုစုပေါင်းမှာ (၇၄) ဒသမ (၀၃) တင်းထွက်ရှိကြောင်း၊ စိုက်ပျိုးချိန်မှစ၍ ရိတ်သိမ်းချိန်ထိ မိုးစပါးအောင်မြင်ဖြစ်ထွန်းရေး၊ ထွက်နှုန်းကောင်းမွန်စေရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန အနေဖြင့် တောင်သူများနှင့်ပူးပေါင်းကာ ဒေသနှင့်ကိုက်ညီမည့်မျိုး ကောင်းမျိုးသန့်ရွေးချယ်စိုက်ပျိုးနိုင်ရေး၊ ပိုးမွှားအန္တရာယ် ကျရောက်မှုကင်းဝေးစေရေး၊ မျိုးကွဲများနုတ်ပယ်ခြင်း၊ ဓာတ်မြေဩဇာစနစ်တကျကိုင်တွယ်သုံးစွဲခြင်း စသည့်စိုက်ပျိုးရေးဆိုင်ရာနည်းပညာပေးခြင်းကို စဉ်ဆက်မပြတ် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူက ပြောကြားခဲ့သည်။

မျိုးညွန့်ရွှေ (မိုးနဲ)