မြို့သစ် ဒီဇင်ဘာ ၂၆
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာနှစ်တွင် ဒေသတွင်းရှိ ကျေးလက်နေပြည်သူများ ရာသီမရွေးသွားလာရေးအဆင်ပြေစေရန်အတွက် ပြည်ထောင်စု/တိုင်းဒေသကြီး ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေတို့ဖြင့် လမ်း/တံတားလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေများကို ယမန်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် နေပြည်တော်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှ အင်ဂျင်နီယာချုပ် ဦးလှခိုင်သည် ခရိုင်နှင့်မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများလိုက်ပါ၍ မြို့သစ်မြို့နယ်၊ ဆားတဲကျေးရွာမှ တောင်တွင်းကြီး-မြို့သစ်-နတ်မောက်ကားလမ်းသို့ ဆက်သွယ်ထားသည့် ဆားတဲကျေးရွာ ကုန်ထုတ်လမ်းအရှည် ၁ မိုင်၊ ၃ ဖာလုံအား လမ်းအကျယ် ၂ ဒဿမ ၂၁ km အား ( ၅၀- ၁၀၀) mm ခွဲကျောက်ဖြင့် Regu Lation ပြုလုပ်ခြင်း (၃ဒဿမ ၆၆ m)အကျယ် (၁၇၅ mm)ထု ကွန်ကရစ်လမ်းခင်းခြင်း (၂၂၅ mm)ထု အမာခံခင်းခြင်းလုပ်ငန်းများကိုကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်ပြီးစီးပြီဖြစ်သည့် လမ်းအရှည် (၆ မိုင် ၁၃ ဖာလုံ၊ Level အနိမ့်အမြင့် မညီညာသောနေရာမျာတွင် Levelling ဆောင်ရွက်ခြင်း၊ (50-100 mm)ခွဲကျောက်ဖြင့် (4.27m) အကျယ် (150 mm)ထု Subbase)ခင်းခြင်း၊ (3.66 m) အကျယ် (1.75 mm) ထု ကွန်ကရစ်လမ်းခင်းခြင်း၊ (225 mm) ထုအမာခံခင်းခြင်းလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုကာ ဆောင်ရွက်ရန်ကျန်ရှိနေသော လုပ်ငန်းများအား သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးအောင် ဆောင်ရွက်သွားရန် တာဝန်ရှိသူများကို ဆွေးနွေးမှာကြားခဲ့ကြောင်း မြို့နယ်ကျေးလက်လမ်းဖွံဖြိုးတိုးတက်ရေးဦးစီးဌာနဦးစီးအရာရှိ ဦးကျော်နိုင်ဦးထံက သိရသည်။
သန်းဝင်းထွန်း (ပြန်/ဆက်)