(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို ပုဏ္ဏားကျွန်းမြို့၌ စာစီစာကုံးပြိုင်ပွဲနှင့် ပဟေဠိ ပြိုင်ပွဲကျင်းပ

 

ပုဏ္ဏားကျွန်း  ဒီဇင်ဘာ ၂၈

 (၇၄)နှစ်မြောက်  လွတ်လပ်ရေးကို ဂုဏ်ပြုကြိုဆို သောအားဖြင့် ရခိုင်ပြည်နယ်၊  ပုဏ္ဏားကျွန်း မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းပေါင်းစုံ စာစီစာကုံးပြိုင်ပွဲနှင့် ပဟေဠိ ပြိုင်ပွဲကို  ယနေ့နံနက် ၉ နာရီက ပုဏ္ဏားကျွန်း မြို့၊   မူ/လွန်(စံပြ-၂)ကျောင်း၌ ကျင်းပသည်။

အဆိုပါ  စာစီစာကုံးပြိုင်၌  မူလတန်းအဆင့်တွင်  “လွတ်လပ်ရေးနေ့ နှင့်လူငယ် တာဝန်”  ခေါင်းစဉ်ဖြင့် ကျောင်းသား၊ ကျောင်းသူ ၁၈ဦးတို့မှ လည်းကောင်း၊   အလယ်တန်းအဆင့်တွင်  “ကလေးလူငယ်များကျန်းမာကြံ့ခိုင်ရေး လွတ်လပ်ရေးနေ့ အားကစားပြိုင်ပွဲများဆင်နွဲပေး” ခေါင်းစဉ်ဖြင့် ကျောင်းသား၊ ကျောင်းသူ ၂၄ ဦးတို့မှ လည်းကောင်း၊ အထက်တန်းအဆင့်တွင် “လွတ်လပ်ရေးခိုင်မြဲဖို့ ညီညီညွတ်ညွတ် ကြိုးစားစို့” ခေါင်းစဉ်ဖြင့် ကျောင်းသား၊  ကျောင်းသူ ၉ ဦးတို့မှလည်းကောင်း၊ ပဟေဠိ ပြိုင်ပွဲတွင် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ၉ ဦးတို့က ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြပြီး၊  တာဝန်ကျ ဆရာ၊ ဆရာမတို့က အနီးကပ် ကြီးကြပ် ဆောင်ရွက် ပေးလျက်ရှိသည်။

ထိုသို့  ဆောင်ရွက်ခြင်းအားဖြင့် ကျောင်းသား၊ လူငယ်မောင်မယ်များသည် လွတ်လပ် ရေးနေ့ ကိုမြတ်နိုးတန်းဖိုး ထားတတ်စေရန်နှင့် ကာကွယ်စောင့်ရှောက် တတ်စေရန် ရည်ရွယ်ချက် တို့ဖြင့်  ကျင်းပရခြင်းဖြစ်ပြီး၊  ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူ များကို (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားတွင် ဆုများချီးမြှင့်  ပေးသွားမည် ဖြစ်ကြောင်း လက်ထောက် မြို့နယ်ပညာရေးမှူး  ဦးထွန်းအေးကျော် ထံမှသိရသည်။

နီထွန်းအောင်(ပြန်/ဆက်)