မာန်အောင်မြို့နယ်၌ (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ဆိုင်ရာ စာစီစာကုံး ပြိုင်ပွဲကျင်းပ

မာန်အောင် ဒီဇင်ဘာ၂၈

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ဆိုင်ရာ စာစီစာကုံးပြိုင်ပွဲကို ယနေ့ နံနက် ၉ နာရီက အခြေခံပညာ အထက်တန်း ကျောင်း(ခွဲ) စျေးတန်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲတွင် မာန်အောင်မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများနှင့် ကိုယ်ပိုင်အထက်တန်းကျောင်းမှ အထက်တန်း၊ အလယ်တန်း ကျောင်းသား/သူများ ဝင်ရောက်ယှဥဉ်ပြိုင်ကြရာ အထက်တန်းအဆင့်တွင် ကျောင်းသား/သူ ၁၇ဦးက ``လွတ်လပ်ရေးခိုင်မြဲဖို့ ညီညီညွတ်ညွတ်ကြိုးစားစို့´´ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အလယ်တန်းအဆင့်တွင် ကျောင်းသား/သူ ၁၃ဦးက ``ကလေးလူငယ်များ ကျန်းမာကြံ့ခိုင်ရေး လွတ်လပ်ရေးနေ့ အားကစားပြိုင်ပွဲများ ဆင်နွဲပေး’’ ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြပြီး မြို့နယ်အဆင့်တွင် ဆုရစာစီစာကုံးများအား ကျောက်ဖြူခရိုင်တွင် ဆက်လက်ယှဉ်ပြိုင်နိုင်ရန် ပေးပို့သွားမည်ဖြစ်ကြောင်း ဒု-မြို့နယ်ပညာရေးမှူး ဦးကျော်ကျော်နိုင် ထံမှ သိရသည်။

သိန်းဖေ(ပြန်/ဆက်)