အထက်မင်းလှ ဒီဇင်ဘာ ၂၈
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် သမဝါယမနှင့်ကျေးလက် ဖွံ့ဖြိုး ရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူး၍ စိုက်ပျိုးမွေးမြူရေးခေတ်မီစံပြကျေးရွာ ရွေးချယ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ညနေ၄နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။
အဆိုပါအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌသန်းထွန်းအောင်က စိုက်ပျိုးမွေးမြူရေးခေတ်မီစံပြကျေး ရွာ ထူထောင်ရေးနည်းလမ်းများမှ ပြည်သူဗဟိုပြုစနစ်ဖြင့် ကျေးရွာ၏လိုအပ်ချက်များဖော်ထုတ်၍ ကျေးရွာဖွံ့ဖြိုးရေးနှင့် မိသားစုဝင်ငွေတိုးပွားရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် အစုအဖွဲ့သမဝါယမစနစ်ဖြင့် ကျေးလက်စီးပွားရေးမြင့်မားရေးဆောင်ရွက်ခြင်းစသည့် စံပြကျေးရွာထူထောင်ရေးစီမံချက်နှင့်အညီ ဆောင်ရွက်ရန် ပြောကြားခဲ့သည်။ထို့ နောက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးဝေလင်းမောင်က စိုက်ပျိုးမွေးမြူရေးခေတ်မီ စံပြကျေးရွာရွေးချယ်ရာတွင် ပါဝင်ရမည့်အချက်များအား ရှင်းလင်းပြောကြားခဲ့သည်။ထို့နောက်တက်ရောက်လာသည့် ဌာနဆိုင်ရာများက စိုက်ပျိုးမွေးမြူရေး ခေတ်မီစံပြကျေးရွာရွေးချယ်ခြင်းနှင့်ပတ်သက်၍ အကြံပြုဆွေးနွေးခဲ့ကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လိုအပ်သည်များအား ဖြည့်စွက်ပြောကြားခဲ့ကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)