စဉ့်ကိုင်မြို့နယ်တွင် အသက်(၁၈)နှစ်အထက် ပြည်သူများအာ: ကိုဗစ် - ၁၉ရောဂါ ကာကွယ်ဆေး(၉၀၄၆၈)ဦး ထိုးနှံပေးပြီးဖြစ်

စဉ့်ကိုင်  ဒီဇင်ဘာ  ၂၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်အတွင်းရှိ ရပ်ကွက် / ကျေးရွာများမှ အသက်(၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ ယမန်နေ့အထိ  (၉၀၄၆၈) ဦး ထိုးနှံပေးပြီးဖြစ်ကြောင်း သိရသည်။

ထိုသို့   ကာကွယ်ဆေးများ  ထိုးနှံပေးရာတွင်   မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ဒုမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသိမ့်အိသူ (ပြည်သူ့ကျန်းမာ)၊ ပလိပ် တိုက်နယ်ဆေးရုံတွင် ဒေါက်တာသက်ကိုကိုလွင်(ရောဂါနှိမ်နှင်းရေး)၊ ကျောက်ဆည်တက္ကသိုလ်တွင် ဦးစောအေး (ကျန်းမာရေးမှူး)တို့ကဦးဆောင်၍  ကျန်းမာရေး၀န်ထမ်းများ၊  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ  ၀န်ထမ်းများ၊ ပညာရေးဌာနမှ ၀န်ထမ်းများ၊ မီးသတ်တပ်ဖွဲ့၀င်များ၊ မြို့နယ် ကြက်ခြေနီသူနာပြု တပ်ဖွဲ့၀င်များ၊ ပရဟိတအသင်းအဖွဲ့၀င်များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ  ပူးပေါင်း၍ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

စဉ့်ကိုင်မြို့နယ်အတွင်း  ကိုဗစ်-၁၉ ကူးစက်ရောဂါ  ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီ ဥက္ကဋ္ဌ၏ ကြီးကြပ်မှုဖြင့်  Omicron အပါအဝင်  ကိုဗစ်-၁၉   မျိုးရိုးဗီဇပြောင်း  ရောဂါပိုးကို သတိပြုကာကွယ်ရန်နှင့် ကူးစက်ပြန့်ပွားမှုမဖြစ်စေရေး၊  ကြိုတင်ကာကွယ်တားဆီးနိုင်စေရန်နှင့်   ရောဂါကူးစက်မှု လျော့နည်းစေရေးအတွက် သက်ဆိုင်ရာ   မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ  ကြီးကြပ်၍ ဌာနဆိုင်ရာများ ၊ မီးသတ်တပ်ဖွဲ့၀င်များ၊ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ပရဟိတအဖွဲ့၀င်များနှင့် ပူးပေါင်းပြီး ပြည်သူများ သိရှိလိုက်နာစေရန်   အသံချဲ့စက်များ  HandSpaker များဖြင့် လှည့်လည်ပြီး   အသိပညာပေးနှိုးဆော်ခြင်း၊ ရပ်ကွက် /ကျေးရွာများအတွင်း  ပိုးသတ်ဆေးများ  ဖြန်းပေးခြင်း၊  ဒေသန္တာရ စည်းကမ်းချက်များ၊ကျန်းမာရေး၀န်ကြီးဌာနက ထုတ်ပြန်ထားသော  ညွှန်ကြားချက်များအတိုင်း လိုက်နာမှု  ရှိ/မရှိ   စစ်ဆေးခြင်း၊ အသိပညာပေးလုပ်ငန်းများကို  ဆောင်ရွက်ပေးလျက်ရှိပြီး ဒီဇင်ဘာ(၂၇)ရက်နေ့ထိ First Dose (၅၂၉၀၆) ဦး နှင့် Second Dose   (၄၄၆၁၄)  ဦးတို့အား ထိုးနှံပေးပြီးဖြစ်ရာ ကျန်ရှိသူများကိုလည်း မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက  ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 ညိုညိုဝင်း