မိုးကောင်းမြို့၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အွန်လိုင်းအသိပညာပေး ဟောပြော

မိုးကောင်း      ဒီဇင်ဘာ        ၂၉

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာကြည့်တိုက် ဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အွန်လိုင်းဟောပြောပွဲကို လူထုအခြေပြုဗဟိုဌာန Community Centre ယမန်နေ့ ညနေ ( ၃ )နာရီတွင် ကျင်းပခဲ့သည်။

ဟောပြောပွဲတွင် မြို့နယ်စာကြည့်တိုက် ဖောင်ဒေးရှင်းဥက္ကဌ ဦးထွန်းအောင်ကျော်က (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ ဦးတည်ချက်များ၊ အမျိုးသားညီညွှတ်ရေးကဏ္ဍများ၊ လွတ်လပ်ရေးကြိုးပမ်းခဲ့ပုံ သမိုင်းအကျဉ်း၊ လွတ်လပ်ရေးကာလတစ်လျှောက် ချုပ်ဆိုခဲ့သော စာချုပ်များအကြောင်းအရာများကို အွန်လိုင်းအသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။

ကိုဗစ်ရောဂါကာလအတွင်း ပြည်သူများထံသို့သွားရောက်၍ အသိပညာပေးဟောပြောပွဲများ၊ ဆောင်ရွက်နိုင်ခြင်း မရှိသည့်အတွက် ယခုလို အွန်လိုင်းမှတဆင့် အသိပညာပေးဆောင်ရွက်ရခြင်း ဖြစ်ကြောင်း၊ အဆိုပါ အသိပညာပေး အစီအစဉ်များကို We Love Mogaung သတင်း Page နှင့် IPRD facebook တို့တွင် အစဉ်သဖြင့် လွှင့်တင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သန်းလွင်ဦး