မလှိုင် ဒီဇင်ဘာ ၂၉
(၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အွန်လိုင်းမှ အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါအသိပညာပေးဟောပြောပွဲတွင် မလှိုင်မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ် ဦးစီးအရာရှိ(တာဝန်ပေး) ဒေါ်ဆွေဆွေမြင့်က “လွတ်လပ်ရေးကိုထိန်းသိမ်းကြပါစို့ ”ခေါင်းစဉ်ဖြင့် လွတ်လပ်ရေး ဆုံးရှုံးခဲ့ရသည့် အကြောင်းရင်းများ၊ လွတ်လပ်ရေးပြန်လည်ရရှိအောင် တစ်နိုင်ငံလုံးရှိ တိုင်ရင်းသား ညီအစ်ကိုအားလုံးနှင့် လူတန်းစားအသီးသီး၊ အသင်းအဖွဲ့ ပေါင်းစုံတို့က စည်လုံးညီညွတ်စွာဖြင့် အသက်၊ သွေး၊ ချွေးများစွာ စတေးပြီး အပြင်းအထန် ကြိုးပမ်းရယူဆောင်ရွက်ခဲ့သည့် အကြောင်းများ၊ လွတ်လပ်ရေးရရှိအောင် ကြိုးပမ်းမှုကာလ တစ်လျှောက်တွင် ချုပ်ဆိုခဲ့ရသော စာချုပ်များအကြောင်းကို ဟောပြောခဲ့သည်။
ယင်းနောက် လွတ်လပ်ရေးကို အခက်အခဲများစွာကြားမှ ရယူကြိုးပမ်းခဲ့ရသည့် အတွက် ရရှိလာ သည့်လွတ်လပ် ရေးကိုမြတ်နိုးတန်ဘိုးထားကြရန်နှင့် ရရှိပြီး သောလွတ်လပ်ရေးပြန်လည် မဆုံးရှုံးစေရန် တိုင်းရင်းသား ညီအစ်ကို မောင်နှမအားလုံးက အတူတစ်ကွဝိုင်းဝန်းထိန်းသိမ်းကာကွယ် စောင့်ရှောက်သွားကြရန် တိုက်တွန်း ဟောပြောခဲ့ကြောင်း သိရသည်။
အောင်ဌေး(မလှိုင်)