ပုလောမြို့နယ်၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးTalk Show ဆောင်ရွက်

ပုလော   ဒီဇင်ဘာ ၂၉

 ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၄) နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်း အမှတ် အသိပညာပေး Talk Show ကို ပုလောမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ယမန်နေ့ နေ့လယ် ၁ နာရီခွဲက ကျင်းပပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲတွင် မြိတ်ခရိုင်၊ ပုလောမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ (တာဝန်ပေး)ဒေါ်အေးအေးမော်က (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် Talk Show ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး အမက(၄) ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်သန်းဝင်းက လွတ်လပ်ရေးနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်းနှင့် ယနေ့ လူငယ်များ လွတ်လပ်ရေးကို တန်ဖိုးထားချစ်မြတ်နိုးကြစေလိုကြောင်းကို ဆွေးနွေးပြောကြားခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ပုလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီး ဌာနအနေဖြင့်  (၇၄) နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး Talk Show ၊ စာဖတ်ဝိုင်းများ၊ အသိပညာပေး နံရံကပ်စာစောင်များ ပြသခြင်း၊ သုတ/ရသ စာအုပ် စာစောင် ပြသခြင်း၊ ကာယဉာဏစွမ်းရည်ပြိုင်ပွဲများနှင့် ဆုချီးမြှင့်ခြင်းများတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

အေးအေးမော်(ပုလော)