ပွင့်ဖြူမြို့နယ်၌ ဧရာဝတီမြစ်ကမ်းပါးပြိုကျမှုကြောင့် လူနေအိမ်(၁၆)လုံး ဘေးလွတ်ရာသို့ ပြောင်းရွှေ့ရ

 

ပွင့်ဖြူ ဇူလိုင်

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ယမန်နေ့ မွန်းလွဲ နာရီ အချိန်ခန့်က ဧရာဝတီမြစ်ကမ်းပါး ပြိုကျမှုကြောင့် ပွင့်ဖြူမြို့နယ် ပေါက်ကုန်းကျေးရွာအုပ်စု၊ ဇီးကျွန်းကျေးရွာနှင့် ကျောင်းစုကျေးရွာတို့တွင် လူနေအိမ် (၁၆)လုံး ဘေးလွတ်ရာသို့ ပြောင်းရွှေ့ခဲ့ရကြောင်း ပွင့်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။

အဆိုပါ ဧရာဝတီမြစ်ကမ်းပါး ပြိုကျမှုကြောင့် ပွင့်ဖြူမြို့နယ် ပေါက်ကုန်းကျေးရွာအုပ်စု၊ ဇီးကျွန်းကျေးရွာတွင် လူနေအိမ်()လုံး၊ ကျောင်းစုကျေးရွာတွင် လူနေအိမ်()လုံး၊ စုစုပေါင်း လူနေအိမ် (၁၆)လုံး ဘေးလွတ်ရာသို့ ပြောင်းရွှေ့ခဲ့ရကြောင်း သိရကာ ကမ်းပြိုဘေးသင့် အိမ်ထောင်စုဝင်များ ကမ်းပါးပြိုကျမှု အန္တရာယ်ကင်းဝေးစေရန်နှင့် အဆင်ပြေစွာ နေထိုင်နိုင်ရေးအတွက် ကျေးရွာနေ ပြည်သူများက ဝိုင်းဝန်းကူညီ ရွှေ့ပြောင်းပေးခဲ့ကြကြောင်း သိရသည်။  မြစ်ကမ်းပါး ပြိုကျမှုကြောင့် အခြားလူနှင့်တိရစ္ဆာန် ထိခိုက်မှုမရှိကြောင်း သိရသည်။  

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)