(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်

ပြည် ဇွန် ၃၀

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့သီရိခေတ္တရာရတနာမြို့တော်ခန်းမ၌ ယနေ့နံနက် ၇ နာရီခွဲအချိန်၌ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ရှေးဦးစွာ(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကျင်းပရေးကော်မတီဥက္ကဋ္ဌ၊ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်က အဖွင့်အမှာစကားပြောကြားသည်။ ယင်းနောက်(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကျင်းပရေးကော်မတီအတွင်းရေးမှူး၊ စားသုံးသူရေးရာဦးစီးဌာ၊ ခရိုင်ဦးစီးမှူးဦးမင်းဆွေက ပြိုင်ပွဲကျင်းပမည့်အခြေအနေနှင့် စည်းကမ်းချက်များအား ရှင်းလင်းဆွေးနွေးပြီး ပြည်မြို့အမှတ်(၁)အခြေခံပညာအထက်တန်ကျောင်းမှ ကျောင်းသူကလေးများက ကဗျာလွတ်အကဖြင့် ကပြဖျော်ဖြေသည်။

ထို့နောက် ပေါင်းတည်မြို့မှအခြေခံပညာ(၁၀-၁၅)ကျောင်းသူ မခိုင်ဆွေဇင်သွယ်က တပင်တိုင်အကဖြင့် ကပြဖျော်ဖြေပြီးပေါက်ခေါင်းမြို့နယ်မှ အရှိုချင်းတိုင်းရင်းသားအဖွဲ့က ရိုးရာဝါးညှပ်အကဖြင့် ကပြဖျော်ဖြေပြီး ပြိုင်ပွဲများစတင်ကျင်းပခဲ့သည်။

ကိုစိုး (ပြည်)