မိတ္ထီလာတက္ကသိုလ်၌ ဘာသာရပ်ပေါင်းစုံ အမျိုးသားစားပွဲတင်တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

မိတ္ထီလာ ဇွန် ၃ဝ

မိတ္ထီလာတက္ကသိုလ်၌ ၂ဝ၂၂ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ အမျိုးသားစားပွဲတင်တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီအချိန်ခန့်က အဆိုပါတက္ကသိုလ်  အားကစားခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။

အဆိုပါ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားအတွင် ရှေးဦးစွာ ဗိုလ်လုပွဲစဉ်အဖြစ် သင်္ချာအသင်းနှင့် ဘူမိဗေဒအသင်းတို့ ယှဉ်ပြိုင်ကစားရာ  ဘူမိဗေဒအသင်းက အနိုင်ရဗိုလ်စွဲသွားသည်။ ဆက်လက်၍ ဆုချီးမြှင့်ပွဲကို ကျင်းပရာ တတိယဆုရရှိသည် သတ္တဗေဒအသင်းမှ ပြိုင်ပွဲဝင်များအား တစ်ဦးချင်း ဆုတံဆိပ်များကို ပြိုင်ပွဲကျင်းပရေးကော်မတီဥက္ကဋ္ဌ  ပါမောက္ခ(ဌာနမှူး) သမိုင်းဌာနမှ ဒေါက်တာ မိုးမိုးပြုံးကလည်းကောင်း၊ ဒုတိယဆုရ သင်္ချာအသင်းမှ ပြိုင်ပွဲဝင်များအား တစ်ဦးချင်းဆုတံဆိပ်များကို ဒုတိယပါမောက္ခချုပ် ဒေါက်တာခင်နှင်းအိ ကလည်းကောင်း၊ ပထမဆုရ ဘူမိဗေဒအသင်းမှ ပြိုင်ပွဲဝင်များအား တစ်ဦးချင်းဆု တံဆိပ်များကို ဒုတိယပါမောက္ခချုပ် ဒေါက်တာဝင်းမင်းသိန်းကလည်းကောင်း၊ ပထမဆုရ ဘူမိဗေဒအသင်းမှ ပြိုင်ပွဲဝင်များနှင့်အသင်းအုပ်ချုပ်သူများထံသို့ တံခွန်စိုက်ဒိုင်းဆုကို ပါမောက္ခချုပ် ဒေါက်တာဘဟန်ကလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်သည်။ အဆိုပါ စားပွဲတင်တင်းနစ်ပြိုင်ပွဲတွင် (က) အုပ်စု၌ ရူပဗေဒ  အရှေ့တိုင်းပညာ၊ သင်္ချာ၊ သမိုင်းနှင့် အင်္ဂလိပ်စာ၊ အုပ်စု()တွင်   သတ္တဗေဒ၊ ဓာတုဗေဒ၊ ရုက္ခဗေဒ၊ ပထဝီဝင်နှင့်ဘူမိဗေဒ အသင်း စုစုပေါင်း ပြိုင်ပွဲဝင်အသင်း ၁ဝ ပါဝင်ယှဉ်ပြိုင်ခဲ့သည်။ ကျောင်းသား၊ ကျောင်းသူများ ပညာရေးတွင် ထူးချွန်ထက်မြက်ရုံသာမက အားကစားကဏ္ဍတွင် ထူးချွန်ပြီး ကျန်းမာကြံ့ခိုင်သည့် အနာဂတ်မျိုးဆက်သစ် လူတော်လူကောင်းများဖြစ်လာစေရန် စသည့်ရည်ရွယ်ချက်များဖြင့် အဆိုပါ ဘာသာရပ်ပေါင်းစုံ စားပွဲတင်တင်းနစ်ပြိုင်ပွဲကို ဇွန်လ ၂၈ ရက်နေ့မှ ဇွန်လ ၃ဝ ရက်နေ့ အထိ ကျင်းပခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ချမ်းသာ