အိမ်မဲမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူ (၃) ဦးရှိကာ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ထိန်ငူကျေးရွာအုပ်စု မာလကာကုန်းကျေးရွာမှ ကလေးငယ်(၃) ဦး သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသောကြောင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်၍ ရောဂါဖြစ်ပွားသည့်အိမ်နှင့် ကိုက်(၃၀၀)အတွင်းရှိ နေအိမ်များတွင် ကြိုတင် ကာကွယ်ရေးလုပ်ငန်းများကို ယမန်နေ့ ညနေ ၃ နာရီတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။