ရွှေတောင် မြို့နယ်တွင် မြေဆီလွှာတိုးတက်စေရေး (ပိုက်ဆံလျှော်) သစ်စိမ်းမြေသြဇာထယ်ထိုး မြေမြှုပ်ခြင်းသရုပ်ပြပွဲကျင်းပ

ရွှေတောင် ဇူလိုင် ၂

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးကြပ်၍ ရွှေတောင်မြို့နယ် ဇယ်မကျေးရွာအုပ်စု၊ စိုက်ပျိုးရေးရွာသစ်ကျေးရွာ ကွင်းအမှတ် ၄ (၄၉၀) ရေမျက်ကွင်းရှိ တောင်သူ ဒေါ်သူဇာသိန်းသန်းထွေး ၏ လယ်မြေ (၇.၀၀) ဧကတွင် ယနေ့ နံနက်ပိုင်းက မြေဆီလွှာတိုးတက်စေရေး (ပိုက်ဆံလျှော်) သစ်စိမ်းမြေသြဇာ ထယ်ထိုးမြေမြှုပ်ခြင်း သရုပ်ပြပွဲကျင်းပကို ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားသို့ ရွှေတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ကြပ်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူး ဦးမျိုးအောင်နှင့် ဝန်ထမ်းများ၊ ဇယ်မကျေးရွာအုပ်စု၊ မဲတောကျေးရွာအုပ်စု၊ ဝါးတောကျေးရွာ အုပ်စုများရှိ အုပ်ချုပ်ရေးမှူးရုံးအဖွဲ့နှင့် ဒေသခံတောင်သူများ စုစုပေါင်းအင်အား (၈၀) ဦးခန့် တက်ရောက်ခဲ့ပြီး မြေဆီလွှာတိုးတက်စေရေး (ပိုက်ဆံလျှော်) သစ်စိမ်းမြေသြဇာ ထယ်ထိုးမြေမြှုပ်ခြင်း လက်တွေ့သရုပ်ပြသခဲ့ကြောင်း သိရသည်။

ကိုကိုမင်း(ပြန်/ဆက်)