ပိုင်ကျုံမြို့ရှိ ဝဥစိုက်တောင်သူများ ယခင်နှစ်ထက် စျေးကောင်းရရန်မျှော်လင့်

ပိုင်ကျုံ ဇူလိုင်   ၂

ကရင်ပြည်နယ် ဘားအံခရိုင် ပိုင်ကျုံမြို့ သည်လယ်ယာစိုက်ပျိုးရေးအပြင်ဒေသတွင်း စိုက်ပျိုးရေးတစ်ခုဖြစ်သည့် ဝဥစိုက်ပျိုးခြင်းအား ယနေ့အချိန်တွင်  တစ်ပိုင်တစ်နိုင်သာမက  စျေးကွက်စီးပွားရေးအဖြစ်သို့  အသွင်ကူးပြောင်းစိုက်ပျိုးလျက်ရှိ‌ကြောင်းသိရသည်။

ပိုင်ကျုံမြို့ဝဥပင်များကို သဘာဝပေါက်သည့်  အပင်မျိုးဖြစ်ပြီးယခုအခါ သဘာဝဝဥပင်ပျား ရှားပါးလာသည့်အတွက်   မိသားစုအပိုဝင်ငွေရရှိနိုင်ရန်     အိမ်ခြံမြေဝင်းအတွင်း၌သော် လည်းကောင်း၊    ဥယျာဉ်ခြံမြေများ၌ သီးညှပ်စိုက်ပျိုးခြင်း၌‌ လည်းကောင်း၊ သီးသန့် စိုက်ပျိုးမြေများ၌သော်လည်းကောင်း  မိသားစုအပိုဝင်ငွေ ရရှိနိုင်ရန်အတွက်ပြန်လည်စိုက်ပျိုးကြရသည်။ စိုက်ပျိုးချိန်ကာလ(၁)နှစ်မှ(၃) နှစ် အထိစိုက်ပျိုးရပြီး နှစ်ကာလ ကြာရှည်လေ  ဝဥအထွက်နှုန်းကောင်းမွန်လေဖြစ်သဖြင့်  မြေဆီမြေသြဇာ  ကောင်းမွန်သည့်  မည်သည့်နေရာဒေသတွင်းမဆို စိုက်ပျိုးနိုင်သည်။ ဝဥစိုက်တောင်သူများ အနေဖြင့် စိုက်ပျိုးမြေ တစ်ဧကလျှင် အပင်ရေပေါင်း ၂သောင်းအထိစိုက်ပျိုးကြသည်။ စိုက်ပျိုးနည်းစနစ်အားဖြင့်၂ပေ ၁ ပေအကွာအဝေးစနစ်ဖြင့်အပင်အားအတန်းလိုက် စိုက်ပျိုး နိုင်ပြီး ထွက်ရှိနှုန်းမှာလည်း အပင်တစ်ပင်လျှင် ဥအမျိုးအစားတစ်လုံးရရှိပြီး  ယခင်နှစ်တွင် ဝဥ တစ်ပိဿာ ၁၀၀၀ကျပ်ရရှိခဲ့ပြီး ယခုနှစ်တွင်လည်း ပေါက်စျေး ငွေ ကျပ်၁၅၀၀အထိ ရရှိနိုင်ရန်‌  မျှော်လင့်ထားကြောင်း  ဝဥစိုက်တောင်သူများထံမှ သိရသည်။

ပိုင်ကျုံမြို့ ဒေသထွက်ဝဥအစိုများကို မိုးနိုင်းကျေးရွာရှိ  ဝဥကုန်သည်များထံ ရောင်းချပေး လျက်ရှိပြီး ဝဥအစိုများကို ခွဲ၊ ခြား၊ စိတ်ပြီး အခြောက်ပြုလုပ်ကာ ဝဥအခြောက်များကို ပိုင်ကျုံမြို့မှတဆင့် ဘားအံ၊ မော်လမြိုင်၊ မူဆည်၊ ရွှေလီမြို့ရှိပွဲရုံများသို့တင်ပို့ ရောင်းချ လျက်ရှိကြောင်းသိရသည်။

နော်ခူး(ပြန်/ဆက်)