ငါးသိုင်းချောင်းမြို့၊ အခြေခံပညာကျောင်းများ၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ခြင်ဆေးဖျန်းခြင်းဆောင်ရွက်

ငါးသိုင်းချောင်း  ဇူလိုင် ၂

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့ပေါ်ရှိ မြို့သစ်ရပ်ကွက် အ-မ-က၊ ဆိတ်ချေးကုန်း၊ အ-မ-က မြက်တို၊ အ-လ-က(ခွဲ)မြို့သစ်နှင့် အောင်ဆန်းရပ်ကွက် အ-မ-က၊ မြို့သစ်ကုန်းကျောင်းများ၌ ဇူလိုင်လ ၂ ရက်နေ့ကသွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အတွက် ခြင်ဆေးဖျန်းခြင်းဆောင် ရွက်ခဲ့ကြောင်း သိရသည်။

‌ရပ်ကွက်သန့်ရှင်းသာယာလှပရေးနှင့် အခြေခံပညာကျောင်းများ၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့ပေါ်ရှိအာယုပါလဆေးနှင့်သွေးအလှူ တော်အဖွဲ့၊ သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ အခြေခံပညာကျောင်းများရှိဆရာ၊ ဆရာမများ၊ ရပ်ကွက်နေပြည်သူများစုပေါင်း၍ ခြင်ဆေးဖျန်းခြင်းအစီအစဉ်ကို လိုက်လံ ဆောင်ရွက်လျက်ရှိကြောင်းသိရှိရသည်။

စိုးမင်းဦး(ပြန်/ဆက်)