ဖြူးမြို့နယ်ရှိ သမိုင်းဝင်တောင်ပေါ် မြသိန်းတန်စေတီတော်မြတ်ကြီးသို့ နွေမိုးဆောင်း တက်ရောက်ဖူးမြှော်နိုင်သည့် တောင်တက်ကွန်ကရစ်လမ်းသစ် ဖွင့်လှစ်
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်ရှိ သမိုင်းဝင်တောင်ပေါ် မြသိန်းတန်စေတီတော်မြတ်ကြီးအား ရပ်ဝေးရပ်နီးမှ ဘုရာဖူးပြည်သူများ နွေမိုးဆောင်း တက်ရောက်ဖူးမြှော်နိုင်စေရေး အတွက် စေတီတော်မြတ်ကြီး ဂေါပကအဖွဲ့က ဦးဆောင်ကာ ဘုရားဖူးများနှင့်ဒေသခံပြည်သူများ၏ လှူဒါန်းမှုများဖြင့် ကျန်ရှိနေသေးသည့် တောင်တက်လမ်းအပိုင်း ကွန်ကရစ်လမ်းသစ်အား ဆက်လက်ခင်းကျင်းခဲ့ရာ ပြီးစီးသွားသောကြောင့် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့၊ မွန်းလွဲပိုင်းက အဆိုပါ ကွန်ကရစ်လမ်းသစ်တွင် ကျင်းပခဲ့ကြောင်း သိရသည်။