ကျောက်တံခါး ဇူလိုင် ၃
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ကျောက်တံခါးမြို့နယ် အခြေခံပညာအထက်တန်း(ခွဲ)(တူမောင်)ကျောင်းနှင့် တောကျွဲအင်း မဇ္စိုမ္မာရုံဘုန်းတော်ကြီးသင် အလယ်တန်းကျောင်းတို့၌ သွေးလွန်တုပ်ကွေးကြိုတင်ကာကွယ်ရေး ခြင်ဆေးဖျန်းခြင်းလုပ်ငန်းကို ယမန် နေ့ကဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ကျောင်းသား/သူများ သွေးလွန်တုပ်ကွေးကြိုတင်ကာကွယ်ရေးနှင့် ငှက်ဖျားရောဂါကင်းဝေးစေရေးတို့အတွက် ဖုံး၊သွန်၊လဲ၊စစ်လုပ်ငန်း၊ အဘိတ်Abateဆေး ခတ်ခြင်းလုပ်ငန်းနှင့်ခြင်ဆေးဖျန်းခြင်းလုပ်ငန်းများကို ကျန်းမာရေးဌာနဝန်ထမ်းများ၊ ကြက် ခြေနီတပ်ဖွဲ့ဝင်များက ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ ခြင်ဆေးဖျန်းခြင်းလုပ်ငန်းသို့ တူမောင်(အ-ထ-က) (ခွဲ)ကျောင်းအုပ် ဆရာမကြီးနှင့် တောကျွဲအင် မဇ္စိမ္မာရုံဘုန်းတော်ကြီးသင်ကျောင်းမှ ဆရာဆရာမများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များက လိုအပ်သည်များ ဝိုင်းဝန်းကူညီဆောက်ရွက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)