အင်တော ဇူလိုင် ၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ အင်တောမြို့တွင် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် အင်တောမြို့ဌာနဆိုင်ရာနှင့် အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း၍ ၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ၌ ထူးချွန်စွာအောင်မြင်ခဲ့ကြသူများနှင့် စာမေးပွဲအောင် ကျောင်းသား/သူများအား ဂုဏ်ပြုချီးမြှင့်ပွဲကို ယမန်နေ့နံနက်ပိုင်းက အင်တောမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
ဂုဏ်ပြုချီးမြှင့်ပွဲတွင် မြို့အုပ်ချုပ်ရေးမှူး ဦးစိန်လှိုင်တင့်က အဖွင့်အမှာစကားပြောကြားပြီး အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဝင်းဝင်းမော်က ဂုဏ်ပြုဆုချီးမြှင့်ရခြင်း ပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
အင်တောမြို့တွင် ၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ၌ (၄)ဘာသာဂုဏ်ထူး(၁)ဦး၊ (၃)ဘာသာဂုဏ်ထူး(၄)ဦး၊ (၂)ဘာသာဂုဏ်ထူး (၂)ဦး၊ (၁) ဘာသာဂုဏ်ထူး (၁၂)ဦး၊ စုစုပေါင်း(၁၉)ဦး ထူးချွန်စွာအောင်မြင်ခဲ့ကြ၍ ရိုးရိုးစာမေးပွဲအောင်(၃၂)ဦး စုစုပေါင်း(၅၁)ဦး အောင်မြင်ခဲ့ကြပြီး ဂုဏ်ပြုအခမ်းအနားတွင် ထူးချွန်စွာအောင်မြင်ကြသူများအား ဂုဏ်ပြုဆုငွေများ၊ ဆုတံဆိပ်များနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို ဂုဏ်ပြုချီးမြှင့်ခဲ့ကြသည်။
ထို့နောက် တက္ကသိုလ်ဝင်တန်းစာမေးပွဲ၌ (၄)ဘာသာဂုဏ်ထူးနှင့် ထူးချွန်စွာအောင်မြင်ကြသော ကျောင်းသား/သူများအား ဂုဏ်ပြုဆုငွေများနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို မြို့အုပ်ချုပ်ရေးမှူး ဦးစိန်လှိုင်တင့်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက အသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
အင်တော(ပြန်/ဆက်)