မြစ်ကြီးနား ဇူလိုင် ၄
၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အသက်(၂၅)နှစ်အာက် ဘောလီဘောပြိုင်ပွဲကို ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် ကျင်းပပြုလုပ်ခဲ့ရာ ကချင်ပြည်နယ်ကိုယ်စားပြု အမျိုးသမီး ဘော်လီဘောအသင်းသည် ပထမတံခွန်စိုက်ဒိုင်းဆုကို ဆွတ်ခူးရရှိခဲ့ပြီး ယမန်နေ့ မွန်းလွဲ ၂ နာရီက မြစ်ကြီးနားမြို့သို့ ပြန်လည်ရောက်ရှိ လာကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လေဆိပ်၌ ဂုဏ်ပြုကြိုဆိုခဲ့သည်။
အောင်ပွဲရ အမျိုးသမီးဘော်လီဘောအသင်း ပြန်လည်ရောက်ရှိလာမှုကို မြစ်ကြီးနားလေဆိပ်၌ ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီး ဒေါ်နန်ဆိုင်း၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မြတ်သက်ဦး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ဒုတိယတိုင်းမှူးနှင့် တပ်မတော်အရာရှိကြီးများ၊ ပြည်နယ်အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ် အဆင့်ဌာနဆိုင်ရာများ၊ ပြည်နယ်အားကစားနှင့် ကာယ ပညာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးနှင့် ပြည်နယ်အားက စားဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူများက ဝမ်းမြောက်ဝမ်းသာ ဂုဏ်ပြုကြို ဆိုခဲ့ကြသည်။
ထို့နောက် လေဆိပ်ဧည့်ခန်းမ၌ ပြည်နယ်ဝန်ကြီးချုပ်က ဘော်လီဘောအသင်းအုပ်ချုပ်သူ၊ နည်းပြများနှင့် ကစားသမားများအား နှစ်ပေါင်း ၅၀ နီးပါးကြာမှသာ ဆုတံဆိပ်ပြန်လည်ဆုခူးရရှိခဲ့သော ပြည်နယ်ကိုယ်စားပြု အမျိုးသမီးဘောလီဘောအသင်းအား ဂုဏ်ယူပါကြောင်း၊ ထို့အပြင် မိမိတို့ ပြည်နယ်အတွက် ထူးချွန်သည့် အနာဂတ်မျိုးဆက်သစ် ကစားသမားများ ထပ်မံပေါ်ထွန်းလာသည့်အတွက် ပိုမိုဝမ်းမြောက် ဂုဏ်ယူပါကြောင်း၊ ပြည်နယ်ကိုယ်စား အထူးပင်ဝမ်းမြောက်ဂုဏ်ယူ ကျေးဇူးတင်ရှိပါကြောင်း ဂုဏ်ပြုပြောကြားခဲ့သည်။
အဆိုပါ အမျိုးသမီးဘော်လီဘောအသင်းအနေဖြင့် တောင်ကြီးမြို့တွင် ဇွန်လ ၁၇ ရက်နေ့မှ ၃၀ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည့် ၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အသက် (၂၅)နှစ် အောက် ဘော်လီဘောပြိုင်ပွဲ တွင် နှစ်ပေါင်း ၄၇ နှစ်ကြာ ကင်းကွာခဲ့သော တံခွန်စိုက်ဆုဖလားကို ပြန်လည်ဆွတ်ခူးရရှိသည့်အပြင် ပြိုင်ပွဲ တစ်လျှောက် အကောင်းဆုံး အားကစားသမားဆုနှင့် စပေးဘော အကောင်းဆုံးဆုများကိုလည်း အသီးသီးရရှိခဲ့ ကြောင်း သိရသည်။
ပြည်နယ် ပြန်/ဆက်