မြန်အောင်မြို့တွင် ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်းအနီးရှိ နေအိမ်သုံးလုံး ရွှေ့ပြောင်း

မြန်အောင် ဇူလိုင် ၄

ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် မြန်အောင်ခရိုင်၊ မြန်အောင်မြို့ အမှတ်(၁) ရပ်ကွက် မန်ကျည်းစုတာကြီး တန်းတွင် မြစ်ကမ်းပါးပြိုကျမှုများ ဖြစ်ပေါ်လျက်ရှိသဖြင့် မြစ်ကမ်းအနီး ရှိ  နေအိမ် ၃ လုံးအား ဇူလိုင် ၃  ရက် နေ့ နံနက်က အချိန်မီရွှေ့ပြောင်းပေးနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ နေအိမ်ရွှေ့ပြောင်းနေမှုများ စနစ်တကျဖြစ်ရေးနှင့် အန္တရာယ်ဖြစ်ပွားမှုမရှိရေးအတွက် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်ထက် ဦးဆောင်ကြီးကြပ်၍ မြို့နယ်မီးသတ် ဦးစီးအရာရှိ ဦးကိုကိုသူနှင့် တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များနှင့် ရပ်ကွက်နေပြည်သူ များက ကူညီပြောင်းရွှေ့ပေးခဲ့ကြောင်း သိရသည်။

ဧရာဝတီမြစ်ကမ်းဘေးတွင် နေထိုင်သူများအနေဖြင့် နိုင်ငံပိုင်သတင်းဌာနများက ထုတ်ပြန်ထားသည့် မိုးလေဝသနှင့် မြစ်ရေအခြေအနေသတင်းများ၊ သတိပေးချက်များ၊ အစိုးရဌာနများက ထုတ်ပြန်ထားသည့် အမိန့်နှင့် ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ကြရန် သက်ဆိုင်ရာဌာနများက ထပ်ဆင့်အသိပေး နှိုးဆော် ထားရာ ပြည်သူများအနေဖြင့်လည်း လိုက်နာဆောင်ရွက်ကြခြင်းဖြင့် ဘေးအန္တရာယ်ကင်းဝေးပြီး ပျက်စီးဆုံးရှုံးမှု လျော့နည်းနိုင် မည်ဖြစ်သည်။

မြို့နယ် ပြန်/ဆက်