မိုင်းငေါ့ ဇူလိုင် ၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင် အသက်(၁၈)နှစ် နှင့်အထက်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Covishield) အမျိုးအစားကို မြို့ပေါ်ရပ်ကွက်ရှိ ပြည်သူများအား ယမန်နေ့ နံနက်(၁၀)အချိန်ခန့်က (Covishield) အမျိုးအစား ရောဂါကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မိုင်းငေါ့မြို့ပေါ် ရပ်ကွက်/ကျေးရွာများမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးလာရောက် ထိုးနှံသူကျား(၁၄)ဦး၊ မ(၁၉)ဦး၊ စုစုပေါင်း(၃၃)ဦး တို့အား ပြည်သူ့ဆေးရုံတွင် တိုက်နယ်ကျန်းမာရေးဌာနမှ ဆရာမ ဒေါ်ခင်မျိုးဦးနှင့်အဖွဲ့က ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဆက်လက်ထိုးနှံပေးခဲ့ကြပါသည်။
ကာကွယ်ဆေးမထိုးနှံမီ အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်ပေးခြင်းများစစ်ဆေးပြီးမှ ကာကွယ်ဆေးထိုးနှံပေးခြင်းဖြစ်ကြောင်း၊ ကာကွယ်ဆေးထိုးပြီးပါ ကလည်း နာရီဝက်ခန့်စောင့်ကြည့်ပေးမှာဖြစ်ကြောင်း တိုက်နယ်ကျန်းမာရေးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရပါသည်။
မြင့်သွယ်(မိုင်းငေါ့ ပြန်/ဆက်)