ပေါက်ခေါင်းမြို့နယ်၌ အသက် ၅ နှစ်မှ ၁၂ အတွင်း ကျောင်းသား၊ ကျောင်းသူများကို ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေး

ပေါက်ခေါင်း ဇူလိုင် ၄  

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်အတွင်းရှိ အခြေခံပညာအလယ်တန်း၊ မူလတန်းလွန်နှင့် မူလတန်းကျောင်းများမှ အသက် ၅ နှစ်မှ ၁၂ နှစ်အရွယ် စာသင်ကျောင်း အခြေပြုကျောင်းသား၊ ကျောင်းသူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ဇွန်လ  ၂  ရက်နေ့က ပထမအကြိမ် စတင်ထိုးနှံပေးခဲ့ရာ ယခုအခါ သတ်မှတ်ရက် ပြည့်မြောက်၍ ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို သက်ဆိုင်ရာစာသင်ကျောင်း ဆေးထိုးစုရပ်များအလိုက် ကျန်းမာရေး ဝန်ထမ်းများက ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကာကွယ်ဆေးထိုးနှံပေးရာတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ချမှတ်ထားသည့် စည်းကမ်းချက်များနှင့် မိဘအုပ်ထိန်းသူ၏ သဘောတူညီချက်ရရှိမှသာ ထိုးနှံပေးခဲ့ခြင်းဖြစ်ပြီး၊ ဇူလိုင်လ ၃ ရက်နေ့အထိ မြို့နယ်အတွင်း အခြေခံပညာကျောင်းအသီးသီးမှ ကျောင်းသား၊ ကျောင်းသူ  (၂၅၅၅) ဦးကို မိဘများ၏ သဘောဆန္ဒအရ  ဆေးတစ်လုံး လျင် (၅) ဦးထိုးနှံရသည့် Sinopharm ဆေးအမျိုးအစားကို ထိုးနှံပေးခဲ့ကြောင်း သိရသည်။‌ ပေါက်ခေါင်းမြို့နယ်တွင် အသက် ၅ နှစ်မှ ၁၂ နှစ်အထိ‌ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးရန် အကျုံးဝင်သူလျာထားမှု  (၁၁၁၁၀) ဦးရှိပြီး ဆေးထိုးရန် ကျန်ရှိသူမှာ (၈၅၅၅) ဦးရှိကြောင်းနှင့်‌ အဆိုပါ‌ ကာကွယ်ဆေး ထိုးရန်ကျန်ရှိနေသူများကို မြို့နယ်ကျန်းမာ‌ရေးဝန်ထမ်း များက သက်ဆိုင်ရာနယ်မြေ ဆေးထိုးစုရပ် စာသင်ကျောင်းများသို့ ကွင်းဆင်းထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)