လိပ်သိုမြို့တွင် အသက်တစ်နှစ်ခွဲအောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများ တိုက်ကြွေးထိုးနှံခြင်းလုပ်ငန်းဆောင်ရွက်

လိပ်သို ဇူလိုင် ၅

ကရင်ပြည်နယ် ဘားအံခရိုင် လိပ်သိုမြို့ တိုက်နယ်ကျန်းမာရေးဌာနတွင် ယမန်နေ့နံနက်က အသက်တစ်ခွဲအောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများ တိုက်ကြွေးထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ပုံမှန်ကာကွယ်ဆေး တိုက်ကြွေးထိုးနှံခြင်းတွင် လိပ်သိုမြို့ တိုက်နယ်ကျန်းမာရေးဌာနမှ ဆရာမများက အသည်းရောင်အသားဝါ(ဘီ)၊ ဦးနှောက်အမြှေးရောင်၊ ဆုံဆို့နာ၊ ကြက်ညှာ ချောင်းဆိုး၊ မေးခိုင်၊ ငါးမျိုးစပ်ကာကွယ်ဆေး၊ ဝက်သက်ဂျိုက်သိုး၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော (ရိုတာ)၊ ပြင်းထန်အဆုပ်ရောင်(ပီစီဗီ) စသည့် ကာကွယ်ဆေးများကို ကလေးငယ်များအား စနစ်တကျစိစစ်၍ တိုက်ကြွေးထိုးနှံပေးခဲ့ကြောင်း သိရသည်။

လိပ်သို (ပြန်/ဆက်)