မူဆယ် ဇူလိုင် ၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့တွင် မူဆယ်ခရိုင်အတွင်းရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပိုမိုထိရောက်လျင်မြန်စွာ ဆောင်ရွက်နိုင်ရေးအတွက် ဝန်ထမ်းများစွမ်းဆောင်ရည်မြင့်မားရေး စွမ်းရည်မြှင့်သင်တန်း(၁/၂၀၂၂)ကို ယမန်နေ့နံနက် ၈ နာရီခွဲ အချိန်က မူဆယ်မြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲကို ရှမ်းပြည်နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရှမ်းပြည်နယ်မှူး၊ ညွှန်ကြားရေးမှူး ဦးစိုးညွှန့်ရွှေနှင့် လားရှိုးမြို့မှတွဲဖက်ပြည်နယ်မှူး၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့ ဒုတိယညွှန်ကြားရေးမှူး ဒေါ်နန်းသန္တာဦးတို့က မူဆယ်ခရိုင်မှ ဖွင့်လှစ်သည့် ဝန်ထမ်းများ စွမ်းရည်မြင့်မားရေး စွမ်းရည်မြှင့်သင်တန်း(၁/၂၀၂၂)ကို အွန်လိုင်းစနစ် (Zoom)ဖြင့် တက်ရောက်ကာ အမှာစကားပြောကြားပြီး မူဆယ်ခရိုင်ဦးစီးမှူး ဦးအယ်လ်စိုးထန်တူးက သင်တန်းဖွင့်လှစ်ခြင်း၏ ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားသည်။
ဝန်ထမ်းများစွမ်းဆောင်ရည်မြင့်မားရေး စွမ်းရည်မြှင့်သင်တန်းတွင် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေဘာသာရပ်၊ ရုံးလုပ်ငန်းဘာသာရပ်၊ ငွေစာရင်းဘာသာရပ်၊ စာကြည့်တိုက်လုပ်ငန်း စီမံခန့်ခွဲရေးဘာသာရပ်၊ ပြည်သူ့ဆက်ဆံရေးဘာသာရပ်နှင့် သတင်းရေးသားပေးပို့ရာတွင် အသုံးပြုရန် Online နည်းပညာဘာသာရပ်များအား (၄-၆-၂၀၂၂)ရက်နေ့မှ (၆-၇-၂၀၂၂)ရက်နေ့အထိ (၃)ရက် ကြာသင်တန်း ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ပြီး မူဆယ်ခရိုင်အတွင်းရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ(၁၆)ဦးတို့ တက်ရောက်သင်ယူလျက်ရှိကြောင်း သိရသည်။
ချယ်ရီမြေ(မူဆယ်)