တောင်တွင်းကြီးမြို့နယ်၌ Cash For Work စီမံကိန်း ဆောင်ရွက်ရန် စီမံကိန်းမိတ်ဆက်ခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်း ဆောင်ရွက်

တောင်တွင်းကြီး ဇူလိုင် ၅

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် Cash For Work စီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းကို ယမန်နေ့ နံနက် (၁၁) နာရီက သပြေပင်ကျေးရွာဘုန်းကြီး‌ကျောင်း၌ ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂) ဦးလှသောင်းက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးခုတ်မွန်းလျန်က Cash For Work စီမံကိန်းနှင့်ပတ်သက်၍  စီမံကိန်းကော်မတီဖွဲ့စည်းခြင်းနှင့် လုပ်ငန်းများဆောင်ရွက်မည့် အစီအစဉ်များအား ရှင်းလင်းပြောကြားကာ ကျေးရွာနေ ဒေသခံပြည်သူများဖြင့် Cash For Work စီမံကိန်းကော်မတီ ဖွဲ့စည်း‌ပေးခဲ့သည်။

ထို့နောက် မိတ်ဆက်ရှင်းလင်းပွဲ တက်ရောက်လာသည့် ကျေးရွာနေပြည်သူများက သိလိုသည်များကို မေးမြန်းခဲ့ကြရာ တာဝန်ရှိသူများက ပြန်လည် ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)