တောင်ဥက္ကလာပ ဇူလိုင် ၄
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအား ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ်၍ ကျောင်းသား/ ကျောင်းသူများအား ပညာသင်ကြားပေးလျက်ရှိရာမိုးရာသီကာလ၌ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု ကင်းဝေးစေရေးအတွက် ယနေ့နံနက်ပိုင်းက အမှတ်(၇)အခြေခံပညာအလယ်တန်းကျောင်းတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်မိုးနှင့် အဖွဲ့ဝင်များဦးဆောင်မှုဖြင့် မြို့နယ်ပညာရေးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာမှဝန်ထမ်းများ၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှုးများပူးပေါင်း၍ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ပြည်သူအားလုံးပါဝင်ဆောင်ရွက်ပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းဆောင်ရွက်ပေးခဲ့ကြသည်။
အဆိုပါလက်ကမ်းစာစောင်တွင် သွေးလွန်တုပ်ကွေးရောဂါ၊ သွေးလွန်တုပ်ကွေးရောဂါလက္ခဏာများ၊ သွေးသန့်လက္ခဏာများ၊ အိမ်တွင်းပြုစုကုသနည်း၊ ခြင်ကျားပေါက်ပွားရာနေရာများ၊ ဘယ်လိုကြိုတင်ကာကွယ်မလဲ၊ သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေးအတွက် ပြည်သူလူထုကဆောင်ရွက်ရမည့်လုပ်ငန်း(၄)ရပ်၊ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများဖြစ်သည့် ရေစည်ရေအိုးများကို ခြင်မဝင်နိုင်အောင် လုံခြုံစွာဖုံး(ဖုံး)အုပ်ပါ၊ ရေစည်ရေအိုးအားလုံး၏အတွင်းပိုင်းကို တိုက်ချွတ်ဆေးကြော၍ သွန်(သွန်)ပစ်ပါ၊ ညောင်ရေအိုး၊ ပန်းအိုးများကို ၃-၄ ရက်လျှင်တစ်ကြိမ်ဆေးကြော၍ ရေလဲ(လဲ)ပါ၊ အလင်းရောင်ရ၍ခြင်မခိုအောင်းနိုင်ရန် နေ့ပိုင်းတွင်ပြတင်းပေါက်များဖွင့်(ဖွင့်)ထားပါ၊ ရေစည်ရေအိုးမျာရှိ ပိုးလောက်လန်းများကို ရေစစ်ဖြင့် ခပ်(ခပ်)ပစ် ပါ၊ မိုးရေတင်နေနိုင်သော ခွက်၊ တာယာစုတ်၊ အိုးခြမ်းပဲ့၊ အုန်းမှုတ်ခွက် စသည်တို့ကို မြေမြုပ်(မြုပ်)ပစ်ပါ၊ ရေဖြည့်လျှင် ပိုးလောက်လန်းများ ကင်းရှင်းစေရန် စစ်(စစ်)၍ထည့်ပါ၊ အိမ်တွင်း၊ အိမ်ပြင်သန့်ရှင်း(ရှင်း)စွာထားပါ၊ ကြောင်အိမ် အောက်ခံခွက်များထဲသို့ ဆား၊ စက်ဆီဟောင်း လောင်း(လောင်း)ထည့်ပါ။ ဆေးဖြန်း၊ ဆေးမှုတ်(မှုတ်)အဖွဲ့ကို ကူညီပါ။ ဘယ်အချိန်အိပ်အိပ် ဘယ်နေရာအိပ်အိပ် ခြင်ထောင်ထောင်(ထောင်)အိပ်ပါ၊ (ခြင်ထောင်ကို ၆လတစ်ကြိမ်ဆေးစိမ်ပါ)၊ ရေမသွန်နိုင်သည့် အုတ်ကန်၊ ရေစည်၊ ရေကန်များတွင် ပိုးလောက်လန်းစားငါး၊ လောက်လန်းသေဆေး(Abate)စသည်တို့ ထည့်(ထည့်)ပါ စသည်ဖြင့်ပါဝင်ကြောင်း သတင်းရရှိသည်။
ခင်ဆွေနှင်း (ပြန်/ဆက်)