မုဒုံမြို့၌ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ (Talk Show) ပြုလုပ်
ရှေးဦးအရွယ် ကလေးသူငယ် ဖွံ့ဖြိုးမှု ပြုစုပျိုးထောင်ရေး၊ ကလေးသူငယ် ကာကွယ် စောင့်ရှောက်ရေးလုပ်ငန်းများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ရည်ရွယ်၍ မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့ နံနက် ၁၀ နာရီက ကလေးသူငယ် အခွင့်အရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲကို ပြုလုပ်သည်။