ကမမောင်းမြို့၌ ကိုဗစ်-၁၉ဗီဇပြောင်းမျိုးကွဲ "အိုမီခရွန်ရောဂါ" ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းများ အရှိန်အဟုန်မြှင့်နှိုးဆော်

ကမမောင်း ဇူလိုင် ၆

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါကူးစက်ပြန့်ပွားမှုကို ကြိုတင်ကာကွယ်တားဆီးနိုင်ရေးအတွက် အသိပညာ​ပေး နှိုးဆော်ခြင်းများကို  ပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်  ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများက နေ့စဉ်အရှိန်အဟုန်မပျက် နှိုးဆော်ပေးခြင်းကို ယနေ့နံနက်(၈)နာရီအချိန်က ရပ်ကွက်များအတွင်း လှည့်လည်အသိပေးနှိုးဆော်ခဲ့သည်။

ထိုကဲ့သို့ အသိပညာပေးနှိုးဆော်ရာတွင် လတ်တလောအ​ချိန်၌ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း လဲမှုအပေါ် ပြည်သူများ အလေးထားလိုက်နာနေထိုင်ကြရန် အသိပေးခြင်းများလှည့်လည် နှိုးဆော်ပေးလျက်ရှိရာ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးရာတွင် ဦးတည်အုပ်စုများအလိုက် အကြိမ်အရေတွက် အပြည့်အဝထိုးနှံခြင်းဖြင့် ကိုဗစ်-၁၉ ဖြစ်ပွားမှုကို လျော့နည်းကျဆင်းစေရန်နှင့် ထိန်းချုပ်ကာကွယ်နိုင်ရန်၊ လူစုလူဝေးနေရာများသို့ သွားလာခြင်းမှရှောင်ကြဉ်ကြရန်၊ နေအိမ်ပြင်ပထွက်ခွာတိုင်းနှာခေါင်းစည်း Mask ကို  စနစ်တကျ မဖြစ်မနေတပ်ဆင်ရန်၊ အပြင်မှပြန်လာတိုင်းလက်ကို ဆပ်ပြာဖြင့် စနစ်တကျ​ဆေးရန်၊၊ အသက်အရွယ်ကြီးသူများ၊ နာတာ ရှည်ရောဂါအခံရှိသူများအား အထူးဂရုစိုက်၍ ကာကွယ်ဆေးထိုးနှံထားကြရန် ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များကို ပြည်သူ များမှ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် အသိပေးနှိုးဆော်ခဲ့ကြောင်းသိရသည်။

တင်တင်လှ(ကမမောင်းပြန်/ဆက်)