ကျောင်းကုန်းမြို့၌ အသက်မွေးဝမ်း‌ကျောင်း လျှပ်စစ်သံဂဟေဆက် သင်တန်းဖွင့်လှစ်

ကျောင်းကုန်း ဇူလိုင်

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျောင်းကုန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၂၀၂၂-၂၀၂၃ ခုဘဏ္ဍာရေးနှစ်၊ အသက်မွေးဝမ်းကျောင်း လျှပ်စစ် သံဂဟေဆက်သင်တန်းကို ယမန်နေ့က အဆိုပါ ကျေးလက်ဦးစီးရုံး၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်() ဗိုလ်မှူးနေဝင်းနောင်က အဖွင့်အမှာစကား ပြောကြားပြီး၊ မြို့နယ်သမဝါယမဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဝင်းထူးက သိထားတတ်ထားတဲ့  အသိပညာအပေါ်  တင်းတိမ်မနေကြပဲ ဆက်လက်ကြိုးစားကြဖို့ ပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဝါဝါမြတ်မွန်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။ လျှပ်စစ်သံဂဟေဆက် သင်တန်းကို ..၂၀၂၂ ရက်နေ့မှ ..၂၀၂၂ ရက်နေ့အထိ သင်တန်းကာလ ရက်(၃၀)ကြာ စာတွေ့/ လက်တွေ့သင်ကြားပေးမည်ဖြစ်ပြီး၊ ကျောင်းကုန်းမြို့နယ်အတွင်းရှိ ကျေးရွာ (၁၆)ရွာမှ သင်တန်းသား (၃၀)ဦး တက်ရောက် သင်ကြားလျက်ရှိကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)