တံတားဦးမြို့နယ်၌ အခြေခံပညာကျောင်းများရှိ အသက်(၅)နှစ်မှ (၁၂)နှစ်အထိ ကျောင်းသား/သူများ အား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် (၁၄၈၅)ဦး ထိုးနှံပြီးစီး
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်၌ အသက်(၅)နှစ်မှ(၁၂)နှစ်အထိ အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းရှိ ကျောင်းသား/သူများအား ယနေ့နံနက်(၉)နာရီက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ကို တံတားဦးမြို့နယ် တောင်ပြုံးအခြေခံပညာအထက်တန်းကျောင်း၌ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။