ရှမ်းရွာသစ်မြို့တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအ သိပညာပေးနံရံကပ်စာစောင် ပြသဆောင်ရွက်

ရှမ်းရွာသစ် ဇူလိုင် ၆

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ဒေသနေပြည်သူများနှင့် ကျောင်းသား/သူများ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အသိပညာပေးအကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်နှင့် ကာကွယ်ထိန်းသိမ်းတတ်စေရန် ရည်ရွယ်၍ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်ရေး အသိပညာပေးနံရံကပ်စာစောင်ပြသဆောင်ရွက်ခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ နံရံကပ်စာစောင်တွင် စိုက်ပျိုးပြီးသစ်ပင်များရှင်သန်စေရေးပြုစုပေး၊ ရေ၊ မြေ၊ သစ်ပင်နီတိ၊ သစ်ပင်စိုက်ပျိုးထိန်းသိမ်းလျှင် အကျိုးရှိမှာအမှန်ပင်၊ သစ်တောသစ်ပင်ထိန်းသိမ်းခြင်းဖြင့် ကမ္ဘာကြီးကိုကာကွယ်စောင့်ရှောက်ကြပါ၊ အမှိုက်များကို စနစ်တကျစွန့်ပစ်ဖျက်ဆီးခြင်းဖြင့် ကမ္ဘာကြီးကိုကယ်တင်ပါ၊ အမှိုက်များ၏ဆွေးမြေ့မှုသက်တမ်းများ စသည့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အသိပညာပေးအကြောင်းအရာများပါဝင်ပြီး ကျောင်းသား/သူများက စိတ်ဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

ရှမ်းရွာသစ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ဒေသနေပြည်သူများနှင့် ကျောင်းသား/သူများ အသိပညာဗဟုသုတရရှိစေရန်အတွက် မြေစိုက်နံရံကပ်ပြဘုတ်တွင် နေ့ထူးနေ့မြတ်အကြောင်းအရာများ၊ အလုပ်အကိုင်အခွင့်အလမ်းကြော်ငြာများ၊ ကျန်းမာရေးအသိပညာပေးအကြောင်းအရာများနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးအကြောင်းအရာများကို လစဉ် အသစ်လဲလှယ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဇင်လေး(ပြန်/ဆက်)