သာစည် ဇူလိုင် ၆
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် သာစည်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ တက်ရာက်ပညာသင်ကြားနေကြသည့် ကျောင်းသား/သူများ ကျန်းမာပျော်ရွှင်စွာဖြင့် ပညာသင်ယူနိုင်ရေးအတွက် အသက် ၅ နှစ် မှ ၁၂ နှစ်အတွင်း ကျောင်းသား/သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးဒုတိယအကြိမ်အဖြစ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့နံနက်ပိုင်းက ဆေးထိုးနှံရေးအဖွဲ့များက ဆက်လက်ထိုးနှံပေးခဲ့ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။
ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးခြင်းကိုမြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဆေးထိုးနှံရေးအဖွဲ့များက သက်ဆိုင်ရာ အခြေခံပညာကျောင်း ဆေးထိုးစုရပ်များအလိုက် ဇူလိုင် ၃ ရက်နေ့က စတင်၍ ကျန်းမာရေးဝန်ထမ်းများက ဆေးထိုးအဖွဲ ၉ ဖွဲ့ဖြင့် ထိုးနှံပေးလျက်ရှိရာ အသက် ၅ နှစ် မှ ၁၂ နှစ် အတွင်းကျောင်းသား/ သူ၁၂၀ ဦးတို့အား ပထမအကြိမ်အဖြစ်လည်းကောင်း၊ ကျောင်းသား/သူ ၁၂၆၂ ဦးတိုအား ဒုတိယအကြိမ်အဖြစ်လည်းကောင်း၊ အသက် ၁၂ နှစ် အထက် ကျောင်းသား/သူ ၆၅ ဦးတို့အားအသီးသီးထိုးနှံပေးခဲ့သည်။
သာစည်မြို့နယ်တွင်အခြေခံပညာကျောင်း ၂၁၁ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ၇ ကျောင်း၊ ကိုယ်ပိုင်ကျောင်းတစ်ကျောင်းတို့ရှိပြီးကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမည့် အသက် ၅ နှစ် မှ ၁၂ နှစ် အတွင်း ကျောင်းသား /သူပေါင်း ၂၀၆၂၀ဦး ၊ အသက် ၁၂ နှစ်အထက် ကျောင်းသား/သူ ၂၄၄၅ ဦးတို့အား ကာကွယ်ဆေးထိုးနှံရေးအဖွဲ့များက သက်ဆိုင်ရာ အခြေခံပညာကျောင်းများအလိုက် အသီးသီးထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။
မြိုနယ်(ပြန်/ဆက်)