ထားဝယ် ဇူလိုင် ၆
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးရုံး ဝန်ထမ်းများအတွက် ပြည်သူ့ဆက်ဆံရေးဘာသာရပ်သင်တန်းကို ယမန်နေ့ညနေပိုင်းက ဌာနယာဉ်မောင်းစစ်ဆေးရေး သင်တန်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သင်တန်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဒေါ်ကြင်ကြင်သန်းက ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနသည် ပြည်သူလူထုနှင့် တိုက်ရိုက်ထိတွေ့ဆောင်ရွက်နေသောဌာနဖြစ်သည့်အတွက် ရုံးလုပ်ငန်းများဆောင်ရွက်ရာ၌ ဌာနနှင့်ပြည်သူလူထု အကြားနှစ်ဦးနှစ်ဖက် နားလည်မှုတစ်ရပ်ဖြစ်ထွန်း စေရန်နှင့်ပြည်သူ လူထုအားထိရောက်သောဝန်ဆောင်မှုပေးစေနိုင်ရန်အတွက် ပြည်သူ့ဆက်ဆံရေးဘာသာရပ်ပို့ချကြောင်း၊ ဌာနဝန်ထမ်များအနေဖြင့် ပြည်သူ့ဆက်ဆံရေးကို သိရှိနားလည်ပြီး လုပ်ငန်းခွင်အတွင်းလက်တွေ့ဆောင်ရွက်ရာ၌ ပြည်သူလူထုအား ထိရောက်သည့် ဝန်ဆောင်မှုကောင်းများပေးနိုင်ရန်လိုအပ်ကြောင်း၊ ပြည်သူ့ဆက်ဆံရေးလုပ်ငန်း(Public Relations) သည် ပြည်သူများအတွက်အရေးကြီးသည့် လုပ်ငန်းတစ်ရပ်ဖြစ်ကြောင်း၊ ပြည်သူ့ဆက်ဆံရေး(PR)၏ အဓိပ္ပာယ်ကိုသိရှိပြီး ပြည်သူကိုဗဟိုပြုသော ဝန်ဆောင်မှုလုပ်ငန်းများကိုလည်း သိရှိထားရန် လိုအပ်ကြောင်း၊ ပြည်သူ့ဆက်ဆံရေး နည်းလမ်းများကို နားလည်လိုက်နာကျင့်သုံးပါက ပြည်သူနှင့်ထိတွေ့သည့်လုပ်ငန်းများကိုအောင်မြင်စွာ ဆောင်ရွက်နိုင်မှာဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးဦးစီးမှူး ဒေါ်ကြင်ကြင်သန်းက ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ (ထားဝယ်)မှ အရာထမ်း၊ အမှု ထမ်းသင်တန်းသား၊ သင်တန်းသူများအား ပြည်သူ့ဆက်ဆံရေးသဘော သဘာဝများအကြောင်း၊ ပြည်သူလူထုနှင့်တိုက်ရိုက်ထိတွေ့ဆက်ဆံသည့်အခါ လုပ်ငန်းအောင်မြင်နိုင် သည့်နည်းလမ်းများအကြောင်းနှင့် ပြည်သူ့ဆက်ဆံရေးနှင့်ပတ်သက်သည့် ဘာသာရပ်များကို ဆွေးနွေး သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)