ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့အခြေခံပညာအထက်တန်းကျောင်းခွဲ(အလက၁)ကျောင်းတွင် ကျောင်းကျန်းမာရေးစစ်ဆေးခြင်းများ ပြုလုပ်

နမ့်ဆန် ဇူလိုင် ၇

ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့အခြေခံပညာအထက်တန်းကျောင်းခွဲ(အလက-၁)တွင် မြို့နယ်ကျန်းမာရေးဌာန ပြည်သူ့ကျန်းမာရေးဦးစီးအရာရှိ ဒေါ်ခင်မာကြူနှင့် ကျန်းမာရေးဝန်ထမ်းများတို့က ကျောင်းကျန်းမာရေးစစ်ဆေးခြင်းများကို ယနေ့နံနက် (၁၁)နာရီ အချိန်က  ပြုလုပ်ဆောင်ရွက်ခဲ့သည်။

အဆိုပါ ကျန်းမာရေးစစ်ဆေးမှုတွင် KG၊ Grate-1၊ Grate-2၊ Grate-3၊ Grate-4၊ ကျောင်းသား/ သူစုစုပေါင်း (၂၄၀)ဦးအား ကျောင်းအခြေပြုကာကွယ်ဆေးထိုးနှံမှုအခြေအနေ၊ အာဟာရနှင့်ခန္ဓာကိုယ်ဖွံ့ဖြိုးမှုအခြေအနေများ စသည့်ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

နမ့်ဆန်ဒေသ(ပြန်/ဆက်)